အီရန်စစ်ပွဲထဲ တောင်ကိုရီးယား မပါဝင်ရေး ဆိုးလ်မှာ ပြည်သူတွေ ဆန္ဒပြ
အမေရိကန်–အီရန် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမေရိကန်သံရုံးအနီးကို ပြည်သူအများအပြား စုဝေးပြီး တောင်ကိုရီးယားစစ်တပ်ကို အရှေ့အလယ်ပိုင်းနဲ့ ဟောမုဇ်ရေလက်ကြားဘက် စေလွှတ်ခြင်းမပြုဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
-
ဒီဆန္ဒပြပွဲဟာ တောင်ကိုရီးယားက ဟောမုဇ်ရေလက်ကြား လုံခြုံရေးအခြေအနေကို လေ့လာအကဲဖြတ်ဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း ထုတ်ပြန်ပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
-
ဆန္ဒပြသူတွေက စစ်ပွဲထဲ ပါဝင်တာဟာ တောင်ကိုရီးယားလူငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဝေဖန်ခဲ့ကြပြီး အမေရိကန်ဦးဆောင်တဲ့ စစ်ရေးလုပ်ဆောင်မှုတွေမှာ မပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။
-
တစ်ဖက်မှာလည်း အီရန်က တောင်ကိုရီးယားတပ်ဖွဲ့တွေ ဟောမုဇ်ရေလက်ကြားအတွင်း ပါဝင်လာပါက ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ သတိပေးထားတာကြောင့် တောင်ကိုရီးယားအစိုးရအတွက် စစ်ရေးနဲ့ နိုင်ငံရေးအရ အကဲဆတ်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာပါတယ်။
KT Sep 9








