ပြည်သူ့ပါတီမှ ရရှိထားသည့် မြိတ်လွှတ်တော်နေရာ UEC က ပယ်ဖျက် September… — MDY image✍️ — TG.ME

MDY image✍️Photo
ပြည်သူ့ပါတီမှ ရရှိထားသည့် မြိတ်လွှတ်တော်နေရာ UEC က ပယ်ဖျက်

September 8th

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) အပေါ် ဆုံးဖြတ်ချက်ချမှတ်ရာမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ မြိတ်မြိုနယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခံထားရမှုကို ပယ်ဖျက်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးဝင်းကြူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။

UEC ရဲ့ ကြေညာချက်အမှတ် (၅၄/၂၀၂၆) အရ မြိတ်မြိုနယ် မဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့ပါတီမှ ဦးခိုင်ဦးရဲ့ ရွေးကောက်တင်မြှောက်ခံရခြင်းနှင့်ပတ်သက်ပြီး ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါကန့်ကွက်လွှာကို တိုင်းဒေသကြီးလွှတ်တော် သိုမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ နှင့် ပုဒ်မ ၇၅ တိုအရ ရွေးကောက်ပွဲခုံအဖွဲနှင့် အယူခံမှုလုပ်ငန်းစဉ်များဖြင့် စိစစ်ကြားနာခဲ့ပြီးနောက် UEC က ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။
#SittNaing
👍1
September 8, 2026 637