အရှေ့အလယ်ပိုင်းပဋိပက္ခ ရှည်ကြာနိုင်မှုကြောင့် ကမ္ဘာ့ရေနံဈေး ပြန်တက်လာ
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးပြီးနောက် အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုရှည်ကြာလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ စက်တင်ဘာ ၈ ရက်မှာ ပြန်လည်မြင့်တက်လာပါတယ်။
-
Brent ရေနံဈေးဟာ ၀.၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်ကို ဒေါ်လာ ၉၇.၃၄ ရှိလာသလို WTI ရေနံဈေးကလည်း ၁.၂၆ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၉၂.၆၃ အထိ ရောက်ရှိလာပါတယ်။
-
အထူးသဖြင့် ကမ္ဘာ့အရေးပါတဲ့ ရေနံတင်ပို့လမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားအနီး တင်းမာမှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် ရေနံတင်ပို့မှု အနှောင့်အယှက်ဖြစ်နိုင်မယ့်အပေါ် စိုးရိမ်မှုတွေ ပိုများလာပါတယ်။ လေ့လာသူတွေကတော့ အခြေအနေဟာ ၂၀၂၆ ခုနှစ်ကုန်အထိ သက်ရောက်နိုင်ပြီး ပုံမှန်အခြေအနေပြန်ရောက်ဖို့ ၂၀၂၇ ခုနှစ်အထိ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
-
KT Sep 8
Telegram
Ko Thet
https://www.tiktok.com/@kothet1462026?_r=1&_t=ZS-97IlOwhPHJF

6September 8, 2026 745 1