ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ… — MDY image✍️ — TG.ME

K S NewsPhoto
ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင်၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သံပုရာခုန်ကျေးရွာအုပ်စုရှိ ရေဆင်းပေါ်ဆန်း-၂ စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ပဲပုပ်များ စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ပြီး တောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးရဲဇာနည်၏ “သပြေရိပ်” လယ်ယာသုံးစက်ကိရိယာအလုပ်ရုံသို့ သွားရောက်၍ ထွန်စက်နောက်တွဲ ဘက်စုံသုံးဆေးဖြန်းစက်များနှင့် ထွန်ယက်စက်အမျိုးမျိုး ထုတ်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#SN
❤8👍3
September 7, 2026 969