နိုင်ငံတော်၏ သဘောထားမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူများအား… — MDY image✍️ — TG.ME

MDY image✍️Photo
နိုင်ငံတော်၏ သဘောထားမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူများအား မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားပြုလုပ်
မန္တလေး စက်တင်ဘာ ၇


နိုင်ငံတော်၏ သဘောထားမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူများအား မိဘများထံပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ ပုဒ်မများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် လက်နက်ဖြင့် အလင်းဝင်ရောက်လာသူများက လက်နက်အပ်နှံခြင်းများပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးတို့က လက်ခံရယူပြီး ဆုကြေးငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။

ယနေ့အခမ်းအနားသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ (၄၈)ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်ပြီးအလင်းဝင်ရောက်သူ အမျိုးသား ၁၇၇ဦး၊ အမျိုးသမီး ၁၈ဦး၊ 
ဂန့်ဂေါတပ်နယ်တွင်လည်း အမျိုးသား ၈ဦး၊ စုစုပေါင်း ၂၀၃ဦးတို့မှ လက်နက်မျိုးစုံ၊ ကျည်အိမ်မျိုးစုံ၊ ကျည်မျိုးစုံ၊ လက်ဗစ်ဗုံးမျိုးစုံတို့ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
👍9❤2
September 7, 2026 1.1K