ကျိုင်းတုံမြို့အနီး ဗဟိုပြု၍ ရစ်ခ်တာစကေး ပမာဏ ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက် ၊ နံနက် ၇ နာရီ ၃၉ မိနစ် ၂၅ စက္ကန့် တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၈) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၅၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၇(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
KT Sep 5

7September 5, 2026 484 1