ICJ အမှုနှင့်ပတ်သက်၍ ရမ်းတုပ်မှန်းတုပ် ဆောင်းပါးတစ်ပုဒ်အား… — MDY image✍️ — TG.ME

Forwarded fromALA Light For Justice
ICJ အမှုနှင့်ပတ်သက်၍ ရမ်းတုပ်မှန်းတုပ် ဆောင်းပါးတစ်ပုဒ်အား တုံ့ပြန်ခြင်း

မကြာသေးမီက ဩစတြေးလျအခြေစိုက် သုတေသီတစ်ဦးဖြစ်သူ Yuyun Wahyuningrum သည် 'The Interpreter' ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်နေကြောင်း စွပ်စွဲရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ယင်းဆောင်းပါးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အရေးအခင်းတို့ကို အကြောင်းပြကာ မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီများကို ရည်ရွယ်ချက်ရှိရှိ ငတ်မွတ်ခေါင်းပါးစေရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားပါတယ်။
-
သို့သော်လည်း ၎င်း၏စွပ်စွဲချက်များသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသော အခြေအနေများနှင့် များစွာကွဲလွဲနေသည့်အပြင် ခိုင်လုံသော ဥပဒေရေးရာ အထောက်အထားများလည်း ကင်းမဲ့နေပါတယ်။ အဓိကအားဖြင့် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များကိုသာ အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါတယ်။
-
လက်တွေ့တွင်မူ မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် ရည်ရွယ်ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ အဆိုပါဥပဒေနှင့်အညီ သတ်မှတ်ချက်ပြည့်မီသည့် ဘင်္ဂါလီနွယ်ဖွားများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးထားမှုများရှိပြီး ကျန်ရှိနေသူများကိုလည်း တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်ကြသူများအတွက် သွားလာနေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်များကိုလည်း အစိုးရက စီစဉ်ပံ့ပိုးပေးထားကာ လက်ရှိတွင် ၎င်းတို့၏ လူဦးရေမှာလည်း တိုးပွားလျက်ရှိပါတယ်။
-
ဒါကြောင့် အဆိုပါဆောင်းပါးရှင်၏ ရေးသားဖော်ပြချက်များသည် ဥပဒေရေးရာ အချက်အလက်များကို လိုရာဆွဲ၍ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

We stand with Agent of Myanmar
🇲🇲 🇲🇲
A Light For Justice
👍7
September 2, 2026 524 2