ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ… — MDY image✍️ — TG.ME

MDY image✍️Photo
-
ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာ လိုအပ်ချက်များရှိနေ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာကြားရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကျေးရွာများ၌ ရေသန့်နှင့် အစားအစာလိုအပ်ချက်များရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကျိုက်မရောမြို့နယ်  နိတုံ၊ ကွမ်ငန်း၊ လမုခို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဖာသိမ်၊ မဲကသန်၊ ပေါလောကုန်း၊ ဖာသိမ်ကမ်းနားနှင့် ချောင်းနှစ်ခွကျေးရွာအုပ်စုအတွင်းရှိသည့်ကျေးရွာများအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မဲကသန်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရေစကြီးကတည်းက ရွာခံတွေက စားနပ်ရိက္ခာတွေ စုပြီး ရေဘေးလွတ်တဲ့နေရာမှာ စုနေကြတာ။ အခုက ရေကြီးတဲ့အချိန်ကြာလာတော့ စုဆောင်းထားတဲ့ ရိက္ခာတွေလည်း ကုန်သလောက်ဖြစ်နေတော့ ရေသန့်နဲ့ အစားအစာ လိုအပ်ချက်တွေ ရှိနေပါတယ်” ဟု ပြောကြားသည်။

news-eleven
👍4🙏1
September 1, 2026 484