မြန်မာနိုင်ငံဘက်မှပို့ဆောင်လာသည့် မူးယစ်ဆေးဝါးများအား မယ်ဆိုင်ချောင်းအနီးဖမ်းမိ
(မှုခင်း) စက်တင်ဘာ ၁
ထိုင်းနိုင်ငံ ၊ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်၊နယ်စပ်တနေရာတွင် မယ်ဆိုင်ချောင်းကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်မှပို့ဆောင်လာသည့် မူးယစ်ဆေးဝါးများ ဖမ်းမိကြောင်း သိရသည်။
ဩဂုတ်လ ၃၁ရက်က မယ်ဆိုင်မြို့နယ်၊ ဝိန်းဖန်ခမ်ကျေးရွာအုပ်စု၊ မယ်ဆိုင်ကျေးရွာအနီးတွင် ဖမောင်းတပ်ဖွဲ့မှကင်းလှည့်နေစဉ် လူ ၆ ဦးခန့်ပါဝင်သည့် အဖွဲ့သည် မြန်မာဘက်မှအိတ်များကို ကားတစီးပေါ်သို့ တင်ဆောင်နေပြီး မယ်ဆိုင်ချောင်းကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ဖို့ကြိုးပမ်းနေစဉ် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် အလေးချိန် စုစုပေါင်း ၁၅၀ ကီလိုဂရမ်ရှိ အဆင့် ၂ မူးယစ်ဆေးဝါး အမျိုးအစားဖြစ်သည့် ကက်တမင်း (Ketamine) ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမောင်းအထူးတပ်ဖွဲ့သည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး သိမ်းဆည်းရရှိသည့် သက်သေခံပစ္စည်းတွေအား ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန် မယ်ဆိုင်မြို့နယ်ရဲစခန်းသို့လွှဲပြောင်းပေးထားကြောင်း သိရသည်။
5
3September 1, 2026 470 1



