“ကျွန်းက လက်ရှိအခြေနေက တည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ စစ်ဘေးမီးဘေး ဒုက္ခသည်တွေအတွက်တော့ အစားသောက်အနေထိုင်ကစ တော် တော်ခက်ခဲနေပါတယ်။ မီးဘေးက ၂၇ရွာထိ မီးရှို့ခံရတာပါ။ အိမ်ခြေ ၆၅၀ ကျော် မီးဘေးသင့်ခဲ့တယ်။ စစ်ဘေးဒုက္ခပြည်သူ ၄ ဦး ပစ်သတ်ခံရတယ်။ ပြည်သူဒဏ်ရာရ ၁၀ ဦးကျော်ရှိတယ်” ဟု ၎င်းကဆိုသည်။
မေလ (၂၆) ရက်နေ့မှ မေလ (၂၉) ရက်နေ့အထိ စစ်တပ်ကအင်အား (၂၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းများခွဲကာ ရေလယ်ကျွန်းဒေသကို ဝင်ရောက်လာခဲ့ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်း ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ လု ယက်ယူဆောင်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်းရေစကြို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
==============
ရေလယ်ကျွန်းဒေသတွင် စစ်တပ်က ကျေးရွာ ၂၇ ရွာထိ မီးရှို့ခဲ့သောကြောင့် ဒေသခံအများအပြားအိုးမဲ့အိမ်မဲ့ဖြစ်ပြီး အခက်အခဲဖြစ်နေ
အပြည့်အစုံ ဖတ်ရှုရန် ● https://encr.pw/RcwbP

6
2June 2, 2023 4.9K