ကယ်ဆယ်ရေး အဖွဲ့က လူငယ်တယောက် အမေအရွယ်လူတယောက်ကို အသံကြားလားလို့ မေးတော့ ကြားတယ်သားရေ အပေါက်ကျ-ဉ်းလေးထဲက လက်ကလေးထွက်လာပြီး ရော့အမေ့စိန်လက်စွပ်နဲ့ ဆွဲကြိုး သားယူထားလိုက်ပါ အမေ့ကိုမကယ်နိုင်ခင် အမေအသ-က်ထွက်သွားခဲ့ရင်တော့ လာကယ်တဲ့ သားတို့မိသားစုအတွက် လိုရာသုံးပေါ့ သားကပြည့်စုံရင်တော့ ခု ဒုက္ခတွင်းကျနေသူ အားလုံးအတွက် တထောင့်တနေရာစာသုံးပေးပါ အမေအသ--က်ရှင်ရက်ထွ-က်ခဲ့ရလည်း အမေ့သဘောထား ဒီအတိုင်းပါပဲကွယ် အမေကလောကကြီးမှာ ဝအောင်နေပြီးပါပြီ သားတို့ ကိုယ့်အန္တရာ-ယ်ကိုယ်ကြည့်ပြီးမှ ကယ်ဆယ်ရေး လု-ပ်ကြပါ သားတို့က ပိနေတဲ့ အမေတို့ထက် နှလုံးသားပိုလှပါတယ်ကွယ် လောကကြီးအတွက် မင်းတို့လိုလူတွေ အများကြီး အသ-က်ရှင်နေဖို့လိုတယ်ကွဲ့တဲ့ ကယ်ဆယ်ရေးလူငယ် အမေကြီးစကားသံတချို့ကြောင့် ရင်ထဲအောင့်တက်ရင်း မျက်ရည်သွင်သွင်ကျနေလေရဲ့ မျက်ရည်သွင်သွင်ကျရင်းက စိတ်ချပါအမေ သားတို့ရအောင်ကယ်မှာပါ😢😢😢 #သဘာဝဘေး #Crd #yoshi🎀 #Uk
ကယ်ဆယ်ရေး အဖွဲ့က လူငယ်တယောက် အမေအရွယ်လူတယောက်ကို အသံကြားလားလို့… — 𝐃𝐄𝐀𝐊𝐔𝐄 𝐂𝐡𝐚𝐧𝐧𝐞𝐥 — TG.ME
April 2, 2025 749