ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့လဲ ဆိုင်တယ် ပန်းပင်လေးကို ချစ်တယ်ပြောပြီး… — 𝐃𝐄𝐀𝐊𝐔𝐄 𝐂𝐡𝐚𝐧𝐧𝐞𝐥 — TG.ME

ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့လဲ ဆိုင်တယ်
ပန်းပင်လေးကို ချစ်တယ်ပြောပြီး
ရေလောင်းမပေးသလိုမျိုးပဲ ပေါ့ ။

ချစ်တယ်ပြောပြီး အလေးအနက်မှမထားရင်
ချစ်တယ်ပြောပြီး ဂရုစိုက်ကြင်နာမှုတွေမှ မရှိရင်
ဒီပန်းပင်လေးက ကြာကြာဘယ်ရှင်သန်နိုင်ပါ့မလဲ

အရာရာဟာ မေတ္တာဓာတ်လိုပါတယ်
ယုယမှုတွေလိုတယ် ၊ လေးနက်မှုတွေလိုတယ်
ချစ်တယ်ပြောပြီး ချစ်ခြင်းရဲ့ အမူအရာတွေ
မပြရင်တော့ ဒီပန်းပင်လေးက သေသွားဦးမှာပဲ ။

crd #D
❤2
March 25, 2025 617 2