ဖုန်းသုံးရင်း အိပ်ပျော်သွားတတ်သူများသာ ဖတ်ရန် အိပ်ရာထဲမှာ ဖုန်းလေးကြည့်ရင်း မျက်တောင်လေးစင်းပြီး အိပ်ပျော်သွားတာက တကယ့်ကို ဇိမ်ရှိတဲ့ အခိုက်အတန့်လေးပါ။ ဒါပေမဲ့ ဖုန်းသုံးရင်း အိပ်ပျော်သွားတဲ့အကျင့်က ကိုယ့်ကျန်းမာရေးအတွက်ရော၊ ဖုန်းအတွက်ပါ တိတ်တဆိတ် ဒုက္ခပေးနေတယ်ဆိုတာ သတိထားမိကြလား? ဒီအကျင့်က ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲဆိုတာ ဒီနေ့ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာဖြစ်လို့ ဗဟုသုတရအောင် အဆုံးထိဖတ်ကြည့်သွားလိုက်ပါနော်။ နေ့ခင်းဘက် အပျင်းပြေ ဖုန်းကြည့်နေရင်း မှေးခနဲ အိပ်ပျော်သွားတာပဲဖြစ်ဖြစ်၊ ညဘက်ဖုန်းသုံးရင်းတန်းလန်း အိပ်ပျော်သွားတာပဲဖြစ်ဖြစ် ဒီလိုခဏခဏဖြစ်တာများလာပြီဆိုရင် ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေနိုင်ပါတယ်။ Radiation နဲ့ Brain Activity ဖုန်းကထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ရဲ့ အနားယူချိန်ကို အနှောင့်အယှက်ပေးတဲ့အတွက် ဖုန်းသုံးရင်း အိပ်ပျော်သွားပြီး နိုးလာတဲ့အခါ ခေါင်းကိုက်တာ၊ စိတ်မကြည်တာမျိုး ဖြစ်စေနိုင်ပါတယ်။ Circadian Rhythm ပျက်စီးခြင်း နေ့ခင်းဘက် အလင်းရောင်ရှိနေတုန်းမှာ ဖုန်းအလင်းကို စိုက်ကြည့်ရင်း အိပ်ပျော်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ် (Biological Clock) က ရှုပ်ထွေးသွားတတ်ပါတယ်။ ဒါကြောင့် နိုးလာတဲ့အခါမှာ ပိုပြီး ထိုင်းမှိုင်းသွားပြီး လူက မလန်းမဆန်း ဖြစ်နေတတ်ပါတယ်။ မျက်စိညောင်းညာခြင်း ဖုန်းကို အာရုံစိုက်ကြည့်ရင်း ရုတ်တရက် အိပ်ပျော်သွားတာက မျက်စိကြွက်သားတွေကို အတင်းအကျပ် အနားပေးလိုက်သလိုဖြစ်ပြီး နိုးလာတဲ့အခါ မျက်လုံးဝေဝါးတာမျိုး ခံစားရနိုင်ပါတယ်။ Melatonin ကို ဟန့်တားခြင်း ညဘက်ဖုန်းသုံးတာများတဲ့အခါမျိုးမှာ ဖုန်း Screen ကထွက်တဲ့ Blue Light က ဦးနှောက်ကို "နေ့ဘက်" လို့ ထင်မိအောင် လှည့်စားလိုက်ပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲကနေ အိပ်ပျော်အောင် ကူညီတဲ့ Melatonin ဟော်မုန်း မထွက်တော့ဘဲ အိပ်ပျော်သွားရင်တောင် နှစ်နှစ်ခြိုက်ခြိုက် မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းအတွက်ပါ စိုးရိမ်ရတဲ့ အချက်များ အိပ်ပျော်သွားလို့ Screen Timeout မလုပ်ထားမိရင် ဖုန်းမျက်နှာပြင်က အကြာကြီး လင်းနေမှာပါ။ ဒါက OLED Screen သုံးတဲ့ ဖုန်းတွေမှာ ပုံရိပ်တွေ ထင်ကျန်ရစ်တဲ့ Burn-in ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အပူလွန်ကဲခြင်း - အိပ်ပျော်သွားတဲ့အခါ ဖုန်းက ခေါင်းအုံးအောက် ဒါမှမဟုတ် စောင်အောက် ရောက်သွားတတ်ပါတယ်။ အဲ့လိုအခြေအနေမှာ ဖုန်းကထွက်တဲ့အပူတွေက အပြင်မထွက်နိုင်တဲ့အခါ ဘက်ထရီဖောင်းတာ၊ ဘက်ထရီသက်တမ်းကြာကြာမခံတာမျိုး ဖြစ်စေတတ်ပါတယ်။ ( မူရင်းရေးသားသူအား လေးစားစွာဖြင့် crd ပေးပါတယ်ရှင့် ) ╭───────༺♡༻───────╮ ╰┈➤ #Forward_only :✧˖°࿐ ╰┈➤ #Crd_to_org_own :✧˖°࿐ ╰┈➤ #Knowledge :✧˖°࿐ ╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐ ╰───────༺♡༻───────╯
3