Lashio General Guide: post #70 — TG.ME

လားရှိုးအတက်လမ်း​ကြောင်း

မန္တ​လေးက​နေဘန့်​ဘွေးအထိသွားပြီးဘန့်​ဘွေးရွာနား
ကွင်းလမ်းတိုက​နေတဆင့်အင်းဝိုင်း-ယာပြင်လမ်းဘက်
သွားရပါမယ်။ထိုမှတဆင့်ဒုဌဝတီတံတား(​နောင်ချို)ကို
ဖြတ်၍​ကျောက်ဂူ-နမ့်လန်လမ်းခရီးဆက်ပါ။

နမ့်လန်​ရောက်ရင်မြို့လယ်​ကောင်မှတဆင့်မိုင်း​ခေးလမ်း
မိုင်း​​ခေးမှ​ဆောင်ကြဲ​ရောက်ပါမယ်။​ဆောင်ကြဲရွာ​​ကျော်ရင်
ဆင်​ကြော့မ​ရောက်ခင်ကုံးမုံလမ်းထဲဝင်တဲ့လမ်းအတိုင်းကို
ဝင်သွားလိုက်ရင် နမ္မ မန်ပျဥ်ဘက်​ရောက်ပါမယ်။

နမ္မ-မန်ပျဥ်ဘက်​ရောက်ရင်လားရှိုးမိုင်းရယ်လမ်းမကြီး
အတိုင်း လားရှိုးဘက်ကိုသွားနိုင်ပါပြီ။ဒီလမ်း​​ကြောင်းက
လတ်တ​​လောအဆင်​ပြေစွာသွားလာ​နေကြတဲ့လမ်းပိုင်းပါ။
ဟိုယ မိုင်းရယ်ပတ်ဝန်းကျင်တည်ငြိမ်ရင် အဲ့လမ်းက​နေ
သွားလို့ရပါတယ်။

မှန်ချ​မောင်းပါ။လုံခြုံ​ရေးအ​ခြေအ​နေသတိပြုကြပါ။
လိုင်းကား​တွေအ​ဖော်ကား​တွေနဲ့ချိတ်ဆက်သွားလာကြပါ။
အိမ်ပြန်ခရီး​ဘေးကင်းကြပါ​စေ။(5.8.224)
👍15❤10
August 5, 2024 4.9K 9 4