ဆာကန်ဆိုတဲ့ ယောက်ျားတစ်ယောက် ငယ်ရွယ်ထက်မြက်သလို တူရကီနိုင်ငံရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ထဲမှာပါတယ်..ခံစားချက်ကိုဦးစားမပေးဘူး...
အလုပ်ကို စက်ရုပ်ဆန်ဆန်လုပ်လေ့ရှိသလို အလုပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချရမှာလည်း
နည်းနည်းမှတွန့်ဆုတ်တတ်တဲ့လူစားမျိုးမဟုတ်ဘူး....တစ်နေ့တော့ သူဟာ ကုမ္ပဏီရဲ့မလိုလားအပ်တဲ့ ဘက်ဂျက်တွေလျှော့ချဖို့ လက်ထောက်ကိုခိုင်းလိုက်ပါတယ်...
ဒီအထဲမှာ စကားလားရှစ်ပေးတဲ့ ပရိုဂရမ်တွေပါပါသွားတယ်...
ဒီကိစ္စကို ဆာကန်က မသိလိုက်ဘူး..သို့သော် ကုမ္ပဏီအတွက်ဒီစကောလားရှစ် ရုတ်သိမ်းလိုက်ရတာ ဘာမဟုတ်ဘူးဆိုပေမဲ့
စကားလားရှစ်ပါတဲ့ ကျောင်းသားကျောင်းသူတွေအတွက်တော့ အိပ်မက်တွေကို
တစ်စစီရိုက်ချိုးလိုက်သလိုပါပဲ..ဒီအထဲမှာ အယ်ဒါဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောာင်မလေးလည်း
ပါပါတယ်... ဒီကောင်မလေးနဲ့ စက်ရုပ်ကြီး ဦးဆာကန်တို့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့...
အပိုင်းရှည်လို့ မကြိုက်တဲ့သူတွေအတွက်တော့ လက်ရှောင်လိုက်ကြပါ...
တခြားသူတွေအတွက်တော့ လုံးဝ 100% ညွှန်းဆိုပါတယ်..ကြည့်ကြပါ...
အားလုံးဟာ လုံးဝလှနေသလို ဇာတ်လမ်းကလည်းအရမ်းကိုဆွဲဆောင်မှုရှိပါတယ်..
အခန်းတိုင်းဟာ ကိုယ့်ရင်ခုန်သံကိုကိုပြန်ကြားရလောက်အောင်
စိတ်လှုပ်ရှားရင်ဖိုရတာမို့ ကြည့်ကြပါလို့.
https://t.me/+3PXh1PvTsgU2ZmQ1
https://t.me/c/3811500679/294

