မိမိကိုယ်ကို ချစ်တယ်ဆိုတာ နေချင်သလို နေခွင့် ၊စားချင်သလို စားခွင့်ပေးတာမဟုတ်ဘူး ဘဝကို ထင်သလိုနေ comfort zoneထဲက မထွက်၊ အလုပ်လုပ်ချင်စိတ်မရှိရင် မလုပ်၊ နေရာတကာ ကိုယ့်အတွက်ပဲ ရှေ့တန်းတင်ပြီးနေထိုင် ဒါမျိုးက မိမိကိုယ်ကိုချစ်တာမဟုတ်ဘူး။
ဒီလိုနေထိုင်မှုပုံစံမျိုးက ခဏတာအတွက်တော့ လွတ်လပ်တယ် ပျော်ရတယ်ထင်ရပေမဲ့ ကြာလာရင် ပျက်စီးဆုတ်ယုတ်လာမှာက ကိုယ်တိုင်ပါပဲ။
မိမိကိုယ်ကိုချစ်နည်းအမှန်က လုပ်သင့်လုပ်ထိုက်တာကိုလုပ်မယ်၊ အမှားတွေကနေ သင်ယူမယ်၊ ရင့်ကျက်ဖို့ရာ ကြိုးစားမယ်၊ မိမိဘေးကလူတွေအပေါ် ကောင်းမွန်တဲ့၊တာဝန်ကျေတဲ့လူတစ်ယောက်ဖြစ်အောင်နေမယ်၊ ကိုယ့်အပေါ်မကောင်းတဲ့လူတွေနဲ့ ဝေးဝေးနေမယ် ကိုယ့်တက်လမ်းအတွက်၊ ကိုယ့်အနာဂတ်အတွက် တစိုက်စိုက်မတ်မတ်ကြိုးစားနေမယ် ။ ဒါမျိုးကမှမိမိကိုယ်ကိုချစ်တာပါ။
နှစ်သိမ့်ခြင်းအိမ် စာအုပ်မှ
#credit_from_book
#Eric
#forward_only
121
34
3August 15, 2026 3.5K 49