Life is not a race ဘဝက ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်… — 𝐊𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝐇𝗲𝗮𝘃𝗲𝗻 ◇⃟‌⃕☕ — TG.ME

Life is not a race

ဘဝက ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝကို ဘယ်သူနဲ့မှပြိုင်စရာမလိုဘူး ၊ သူကတော့ ဒီအသက်အရွယ်မှာ ဒီနေရာရောက်နေပြီ ငါကတော့မရောက်သေးဘူးဆိုတဲ့ စိတ်မျိုးလည်း ဝင်စရာမလိုဘူး

ဘဝမှာ ရှင်သန်ရကျိုးနပ်ဖို့ အဓိကက
ကိုယ်နေချင်တဲ့ဘဝပုံစံကို အရင်သိအောင်ကြိုးစားပါ
အဲ့ဒါပြီးရင် ကိုယ်လိုချင်တဲ့ဘဝကို တဖြေးဖြေးချင်း ထုဆစ်သွားပါ
ကျရှုံးမှုတွေရှိလည်း ၊အဆင်မပြေတာတွေရှိလည်း
တဖြေးဖြေးချင်း လျှောက်လှမ်းသွားရင်း အဆင်ပြေတဲ့တစ်နေ့ကို ရောက်လာမှာပါ

ဘဝကပြိုင်ပွဲတစ်ခုမဟုတ်တဲ့အတွက်
တခြားလူတွေဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာထက်
သင်ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲ ဘယ်လိုဘဝမျိုးမှာနေထိုင်မလဲ
အဲ့အတွက်ဘာလုပ်မလဲဆိုတာကသာ အရေးကြီးတာပါ။

-အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုး-စာအုပ်မှ


#Eric
#Knowledge_sharing
❤107❤‍🔥14🤩8🍓5
August 1, 2026 4.5K 2 34