P2 (2007)
အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့
မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။
သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့
လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။
ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ
ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့
ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့
ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။
ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊
စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။
Movie Link👇
https://t.me/KBurmese2/1121

7July 25, 2025 6K 9