အညွှန်းဖတ်ရန်
Lucas Page ဆိုသူဟာ အင်တာနက်ပေါ်မှာ ထူးဆန်းဆန်းပြားပြား ဗီဒီယိုတွေကို စုံစမ်းထောက်လှမ်းပြီး "Man Finds Tape" ဆိုတဲ့ နာမည်နဲ့ YouTube ပေါ် တင်လေ့ရှိရာကနေ ကမ္ဘာဦး လူကြိုက်များပြီး Viral ဖြစ်လာတဲ့ လူငယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူဟာ မိခင်မြို့လေးဖြစ်တဲ့ တက္ကဆက်ပြည်နယ်၊ Larkin မြို့က လူသတ်မှုတစ်ခုရဲ့ တုန်လှုပ်စရာ လုံခြုံရေးကင်မရာ ဗီဒီယိုဖိုင်ကို တွေ့ရှိသွားပြီးနောက် သံသယတွေ ဝင်လာခဲ့ပါတယ်။
သူဟာ သူ့ရဲ့အစ်မဖြစ်သူ Lynn ကို ဆက်သွယ်ပြီး ဒီလူသတ်မှုနောက်ကွယ်က အမှန်တရားကို အတူတူစုံစမ်းဖို့ မြို့ဟောင်းကို အတင်းခေါ်ယူခဲ့ပါတယ်။ သူတို့မောင်နှမနှစ်ယောက် အချက်အလက်တွေ လိုက်လံစုံစမ်းရင်းကနေ ဒီလူသတ်မှုဟာ သာမန်ရာဇဝတ်မှုတစ်ခုမဟုတ်ဘဲ မြို့လေးထဲမှာ ဆယ်စုနှစ်ချီ လျှို့ဝှက်အမြစ်တွယ်နေတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ၊ မြို့ခံတွေရဲ့ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေမှန်း သိလိုက်ရတဲ့အခါမှာတော့...။
ဒီကြားထဲမှာ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်အပြည့်နဲ့ ရောက်ရှိလာတဲ့ "သူစိမ်းတစ်ယောက်" ကြောင့် သူတို့မိသားစုကိုယ်တိုင် ဒီကြောက်မက်ဖွယ် ဒဏ္ဍာရီဆိုးကြီးထဲမှာ ဘယ်လောက်အထိ ပတ်သက်နေသလဲဆိုတာကို ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။
ကြည့်ရန်
https://t.me/NaytoeCar/4767

