ကဝေတောင်တန်းနှင့်အဝါရောင်မိုးကာ⭐️ အညွှန်းဖတ်ရန်⬇️⬇️… — မြန်မာစာတန်းထိုးကုလားကားများ ကုလားကားကောင်းများ သရဲကားများ — TG.ME

Forwarded fromPPPp Movie Uploader
ကဝေတောင်တန်းနှင့်အဝါရောင်မိုးကာ⭐️

အညွှန်းဖတ်ရန်
⬇️⬇️
ထိုင်ဝမ်တောတောင်တွေကြားထဲမှာ မျိုးဆက်နဲ့ချီပြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ကောလာဟလတစ်ခု ရှိပါတယ်။ အဲဒါကတော့ တောထဲတောင်ထဲမှာ လမ်းပျောက်တဲ့အခါ ဝါရောင်မိုးကာအင်္ကျီဝတ်ထားတဲ့ လူတစ်ယောက် ပေါ်လာတတ်ပြီး သူပြတဲ့လမ်းနောက်ကို လိုက်သွားမိရင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘဲ ပျောက်ဆုံးသွားတတ်တာပဲ ဖြစ်သည်။
လွန်ခဲ့သော ၅ နှစ် (၂၀၁၉ ခုနှစ်) က Chen Jia Ming Song Yu Xin နှင့် Zhang An Wei ဆိုသည့် သူငယ်ချင်း ၃ ဦးသည် တောင်တက်ခရီးထွက်ခဲ့ကြသည်။ တောင်တက်လမ်းပိတ်ထားကြောင်း သတိပေးချက်ကို လျစ်လျူရှုပြီး တောနက်ထဲ ဆက်ဝင်ခဲ့ကြရာမှ တောင်စောင့်နတ်တို့၏ မြင့်မြတ်သော ပူဇော်ပွဲဓလေ့တစ်ခုကို မရည်ရွယ်ဘဲ ဖျက်ဆီးမိသလို ဖြစ်သွားခဲ့သည်။ ထိုညမှာပင် An Wei တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ရသည်။
၅ နှစ်အကြာ လက်ရှိအချိန်တွင် Jia Ming နှင့် Yu Xin တို့သည် ပျောက်ဆုံးသွားသော သူငယ်ချင်းဖြစ်သူ၏ ရုပ်အလောင်း သို့မဟုတ် အစအနကို ရှာဖွေပြီး အတိတ်က အမှားအတွက် စိတ်သက်သာရာရဖို့ တောင်ပေါ်သို့ တစ်ခေါက် ပြန်လာခဲ့ကြသည်။ သို့သော် သူတို့ထင်သလို ရိုးရိုးရှင်းရှင်း ရှာဖွေခွင့်မရဘဲ ဝါရောင်မိုးကာဝတ် သရဲ၏ လှည့်စားခြင်းကို ခံရကာ အချိန်ကွင်းပိတ် (Time Loop) ထဲ ပိတ်မိသွားပါတော့သည်။ သူတို့နှစ်ယောက် အတိတ်က အမှားတွေကို ရင်ဆိုင်ဖြေရှင်းပြီး ကယ်တင်ခြင်းရမလား၊ ဒါမှမဟုတ် ဒီတောင်ပေါ်မှာပဲ ထာဝရ ပိတ်မိနေမလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည့် ဇာတ်လမ်း ဖြစ်သည်။

ကြည့်ရန်🔽⬇️
https://t.me/Yyyyyy088/4281

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9
September 4, 2026 256