အညွှန်းဖတ်ရန်
အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Liz ဟာ သူမရဲ့ချစ်သူ ဆရာဝန် Malcolm နဲ့ တွဲလာတာ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Malcolm တို့မိသားစုပိုင်တဲ့ တောတွင်းတစ်နေရာက သီးခြားခွဲထွက်နေတဲ့ အိမ်လေးတစ်အိမ်ကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။ Malcolm ဟာ အပြင်ပန်းကြည့်ရင် အရမ်းသဘောကောင်းပြီး ပြည့်စုံတဲ့အမျိုးသားတစ်ယောက် ဖြစ်ပေမဲ့ Liz အနေနဲ့ သူ့အကြောင်း သေချာမသိရသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသလို ခံစားနေရပါတယ်။ကြည့်ရန်
ခရီးရောက်ပြီးမကြာခင်မှာပဲ မမျှော်လင့်ဘဲ Malcolm ရဲ့ မိသားစုဝင်တစ်ယောက် ရောက်လာတာ၊ ပြီးတော့ မြို့ထဲကို အရေးပေါ်အလုပ်ကိစ္စနဲ့ Malcolm တစ်ယောက်တည်း ပြန်သွားရတာတွေ ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ အိမ်ကြီးထဲမှာ Liz တစ်ယောက်တည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ပါတော့တယ်။
Malcolm ထွက်သွားပြီးနောက်ပိုင်း အိမ်ထဲမှာ ထူးဆန်းတဲ့ အသံတွေ၊ မြင်ကွင်းတွေနဲ့အတူ မကောင်းဆိုးဝါးတစ်ခုခု (သို့မဟုတ်) တစ်ယောက်ယောက်က သူမကို အရိပ်ထဲကနေ စောင့်ကြည့်နေသလိုမျိုး ခြောက်ခြားဖွယ်ရာတွေ စတင်ကြုံတွေ့လာရပါတယ်။ တကယ်တော့ Malcolm သူမကို ဒီအိမ်ကို ခေါ်လာရတဲ့နောက်ကွယ်မှာ သွေးပျက်စရာကောင်းတဲ့ ကတိကဝတ်နဲ့ စုန်းကဝေဆန်ဆန် ပူဇော်သက္ကာပြုခြင်း လျှို့ဝှက်ချက်ကြီး ရှိနေခဲ့တာဖြစ်ပြီး Liz တစ်ယောက် ဒီဘေးအန္တရာယ်ကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ရင်သပ်ရှုမော တွေ့မြင်ရမှာပါ။
https://t.me/NaytoeCar/4759

