ကောင်းမွန်တဲ့ လူတွေကို ဘယ်တော့မှ နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။… — InfoPulse — TG.ME

ကောင်းမွန်တဲ့ လူတွေကို ဘယ်တော့မှ နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။ အသစ်အသစ်သော သူတွေနဲ့ ဆိုရင် ဆုံနိုင်တယ်။ ကိုယ့်အပေါ် ကောင်းမွန်တဲ့ လူတွေကိုတော့ အစားထိုးပြန်မတော့ဘူး။ ဒီစကားကကိုယ့်ပေါ်နားလည်မှုမပေး တန်းဖိုးမထားတဲ့လူနဲ့ဆုံမှသိမယ်။ စိတ်ရဲ့သာယာမှုနောက်ကိုလိုက်နေ့ချိန်တော့ ခွဲခွာမှုတွေ့အပေါ် ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့မိလိမ့်မယ်။ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းအပေါ်လည်း သိပ်ပြီး ခံစားပူဆွေး မနေတတ်ပဲ တစ်‌ယောက်ထွက်သွားရင် တစ်ယောက် ၀င်လာမှာပေါ့လို့တွေးခဲ့နေလိုက်မယ်။တကယ်တော့မဟုတ်ဘူး။ ကိုယ်ရှုံးလိုက်ရတဲ့သူဟာ ကိုယ့်အတွက် သိပ်ကို ကောင်းတဲ့ လူတ‌ယောက် ဖြစ်နေတတ်တယ်။ သူကို ဆုံးရှံးပြီးနောက်ပိုင်းမှာ လူတွေအများကြီးနဲ့ ထပ်တွေ့နိုင်တယ်။ ကိုယ့်အပေါ်လည်း ကောင်းချင်းနိုင်တယ်။ ဒါပေမဲ့လို့ မတူတော့ဘူး။လူလည်းမတူတော့သလို၊ခံစားချက်တွေလည်း မတူတော့ဘူး။ ကိုယ်ဘာပဲ လုပ်လုပ် အမြဲပြုံးပြီး ကြည့်နေတတ်သူ၊ကိုယ်လိုအပ်ချိန်တိုင်း အားငယ်ချိန်တိုင်းမှာ ငါရှိတယ်နော်ဘာဖြစ်ဖြစ်မင်းဘက်ကအမြဲ ရှိနေမယ်ဆိုတဲ့သူ ကိုယ့်ရဲ့စိတ် အတက်အကျတိုင်းမှာ မညည်းမညူရှိနေပေးတတ်သူ၊ပြိုလဲချိန်တိုင်းမှာ ဆွဲထူပေးတဲ့သူ.. ဒီလိုမျိုး လူတွေဟာ နှစ်ခါပြန်ပြီး မရနိုင်တော့ဘူး။အစားထိုးလို့လည်းမရဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဖြစ်တည်မှုလေးကိုက သူများနဲ့မတူလို့ပဲ။ နောင်တ‌တွေဆိုတာ နောင်မှ ရတာဆိုတဲ့ စကားကလည်းအမှန်ပဲ။ အဒါကြောင့် ကိုယ့်ဘ၀မှာ ကောင်းတဲ့ လူတွေနဲ့ ဆုံစည်းရတဲ့အခါ တန်ဖိုးထားပါ။ရှိနေတုန်းမှာ ချစ်ခင်ကြပါ။ ဆင်းရဲ့လို့ ချမ်းသားလို့ခဏတာအရာတွေမကြည့်ပါနဲ့။ ဘ၀ဆိုတာပုံသေနည်းမရှိတာမို့အချိန်းတိုင်းမှာ အတက် အကျဆိုတာရှိပါတယ်။ လူကောင်းတွေဟာ နှစ်ခါပြန်မရဘူး မဟုတ်လား။ တန်ဖိုးထားပါ....

February 16, 2026 1.1K