လောကရဲ့အထူအပါး အတိမ် အနက်တွေကြားမှာ ဝေဝေဝါးဝါးနဲ့ ဘဝတွေ… — InfoPulse — TG.ME

လောကရဲ့အထူအပါး အတိမ် အနက်တွေကြားမှာ ဝေဝေဝါးဝါးနဲ့ ဘဝတွေ ဘယ်လိုပဲခါးနေပါစေ စိတ်မပျက်ပါနဲ့ သူငယ်ချင်း။ လောကဓံဆိုတာ အစိမ်းအကျက်မရွေးဘူး ကြံ့ခိုင်တဲ့သူက စံ, ပျော့ညံ့တဲ့သူ ခံ, ဒဏ်ရာချင်းအတူတူ သန်မာတဲ့သူကတော့ အနိုင်ရမှာပဲ။ ဒီမှာသူငယ်ချင်း ငါတို့ဟာ မွေးဖွားလာကတည်းက လှုပ်ရှားရုန်းကန် အားမာန်တွေ အပြည့်နဲ့ လူ့လောက လူ့ဘဝရဲ့ ဇာတ်လမ်းအစ စာတန်းထိုးစဉ်ကတည်းက လှမ မလှပခဲ့တာ။ အခုမှ ဘာများထူးဆန်းနေလို့လည်း လှုပ်ရှားရုန်းကန်တော့ ပိုပြီးသန်မာတာပေါ့ ငြိမ်နေရင် အညောင်းမိနိုင်တယ် မဟုတ်လား။ ဒီမှာ သူငယ်ချင်း စိတ်ပျက် ငေးငိုင် မှိုင်တွေမှုတွေနဲ့ အချိန်တွေကို ဖြုန်းမပစ်ပါနဲ့ အချိန်ကိုဖြုန်းခြင်းဟာ ဘဝကို ဖြုန်းခြင်းပါပဲ။ မင်းဘဝကို မင်းပိုင်တယ် မင်းဘဝကို မင်းကိုင်ထား မြဲမြဲကိုင်ထား မင်းဘဝဟာ မင်းရဲ့အသက် ဘယ်လောကဓံက လာပြီးနှောင့်ယှက်, နှောင့်ယှက် မင်းဘဝကို မင်းကာကွယ်ရမယ်။ မင်းအရှုံးမပေးသ၍ မင်းဘဝက မင်းလက်ထဲမှာ လှပစွာ ရှင်သန်မှာပါ။ #မေတ္တာဖြင့် #စာအုပ် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက်ဗဟုသုတစာပေများ

October 29, 2025 1.4K 2