▐ လားရှိုး ILBC ကျောင်းတွင် ယနေ့ ခေါ်ယူနေသော အလုပ်အကိုင်
ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် လားရှိုးမြို့ရှိ ILBC International School တွင် မူကြိုအဆင့် ဆရာဖြစ်လေ့ကျင့်ရန် Trainee Teacher များ ခေါ်ယူနေပါသည်။
လျှောက်ထားသူများသည် ━
⭐️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
⭐️ အသက် (၃၀) နှစ်အောက် ဖြစ်ရပါမည်။
⭐️ အင်္ဂလိပ်စာ အခြေခံ ရှိပြီး အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရပါမည်။
⭐️ စာနာစိတ်ရှိပြီး အကောင်းမြင်စိတ်ရှိရမည်။
⭐️ အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရပါမည်။
⭐️ အသင်းအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာလုပ်ကိုင်နိုင်ပြီး ကလေးများကို စိတ်ရှည်စွာဆက်ဆံပေးနိုင်သူ ဖြစ်ရပါမည်။
⭐️ ရွေးချယ်ခံရသူသည် လားရှိုးမြို့ရှိ ILBC ကျောင်းတွင် မူကြိုအဆင့် Trainee Teacher အဖြစ် စတင်တာဝန် ထမ်းဆောင် ရပါမည်။
⭐️ Teacher Training Department မှ ဖွင့်လှစ်မည့် Intensive Training Course ကိုလည်း တက်ရောက်ရပါမည်။
⭐️ အစမ်းခန့်ကာလ (၃)လ ဖြစ်ပါသည်။
⭐️ အစမ်းခန့်ကာလ (၃) လပြည့်လျှင် သင်တန်းဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်တို့ အားလုံး၏ ထောက်ခံမှုရရှိမှသာ အတည်ပြုခန့်အပ်ပါမည်။ သင်တန်း ဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှု (မရရှိလျှင်) အတည်ပြုခန့်အပ်မည် မဟုတ်ပါ။
အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
🔵 ကိုယ်ရေးအကျဥ်း
🔵 ရောင်စုံဓာတ်ပုံ (၂) ပုံ
🔵 ဘွဲ့လက်မှတ်မိတ္တူ
🔵 သန်းခေါင်စာရင်းမိတ္တူ
🔵 သင်တန်းအောင်လက်မှတ်မိတ္တူ
🔵 မှတ်ပုံတင်မိတ္တူ
▃▃▃▃▃
စိတ်ပါဝင်စားသူများအနေဖြင့်
📍ILBC International School Lashio
လိပ်စာ - အမှတ် (၁၁/ခ) လွယ်ကန်မိန်းရပ်၊ ဓမ္မရိပ်သာလမ်း၊ နယ်မြေ (၁၆)၊(၈)ရပ်ကွက်၊ လားရှိုးမြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို 24th July, 2026 (Friday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။
☎️ Phone: 082 2930421, 220 4147, 09 256072478
လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
#ILBC #ILBCinternationalschool #internationalschool #jobvacancy #traineeteacher #lashio
4July 7, 2026 4.4K 3