အခုတလော ကိုယ်ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိတယ်။ ‌တခြားတော့မဟုတ်ပါဘူး။… — HELLO YDB — TG.ME

အခုတလော ကိုယ်ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိတယ်။ ‌တခြားတော့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ပြန်ခံစားမိနေတာ ၊ ပြောရရင် ကိုယ့်စိတ်နဲ့ကိုယ် မေးခွန်းပြန်ထုတ်နေရတာမျိုးပေါ့။ ဘာဖြစ်တာလဲဆိုရင် ဂိမ်းကစားတဲ့အခါ အရင်ကလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့သလို ခံစားမိနေတာပဲ။ ကိုယ်ဆော့လိုက်တဲ့ ဂိမ်းက ဂိမ်းကောင်းတစ်ခုဖြစ်နေရင်တောင်မှ Review တို့၊ ဂိမ်းအကြောင်းတို့ကို စာပြန်ရေးတဲ့အခါမှာ အရင်လို active mood မျိုး သိသိသာသာ ပျောက်ဆုံးသွားသလို ခံစားလာရတယ်။ အဆုံးမသတ်နိုင်တဲ့ ဂိမ်းတွေဆိုတာလည်း မနည်းမနောပဲ။ အကျိုးဆက်က ဘာဖြစ်လာလဲဆိုရင် ကိုယ်တောင် စိတ်မပါတော့သလို ခံစားနေရတော့ ကိုယ်ရေးတဲ့ စာလုံးတွေကလည်း အသက်မရှိတော့သလို ( ပြောရရင် စာဖတ်တဲ့သူတွေကို လိမ်ညာနေသလို ) ဖြစ်‌နေမှာဆိုပြီး ခဏခဏ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ကာ Unfinished အပုဒ်တွေက ပိုပိုများလာခဲ့တယ်။ ဒီဘက်ခေတ်ထဲမှာ ဘဝအတွက် ကြိုးစားရတာကော၊ ရှင်သန်ရတာကော အဘက်ဘက်ကနေ Challenge ဖြစ်လာတယ်ဆိုပေမယ့် ဖိအားတွေကို အရင်တုန်းကလို မှော်ဆန်ဆန် တန်းဖယ်ပစ်လိုက်နိုင်တဲ့ Gaming Life ကကော အခုလို အရွယ်ရောက်လာတဲ့အချိန်မှာ Challenge တစ်ခုဖြစ်နေရပြီလားဆိုတာတော့ စိုးရိမ်မိတယ်။

June 4, 2026 1.6K 6 1