Kdanns games ကနေ ဖန်တီးထားတဲ့ First-person Survival Horror ဂိမ်းအသစ်… — HELLO YDB — TG.ME

Kdanns games ကနေ ဖန်တီးထားတဲ့ First-person Survival Horror ဂိမ်းအသစ် Dead Be The Fallen ဟာ မနက်ဖြန် May 22 မှာ iOS နဲ့ Android platforms တွေအတွက် တရားဝင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ထူးခြားတဲ့ Art Style ပါပဲ။ ဂိမ်းတစ်ခုလုံးကို အဖြူအမည်း Monochrome ကမ္ဘာကြီးထဲမှာ ဆော့ကစားရမှာဖြစ်ပြီး သွေးအရောင်နဲ့ အရေးကြီးတဲ့ အရာတွေကိုမှ Vibrant Red အရောင်တောက်တောက်တွေနဲ့ ဖော်ပြပေးထားတဲ့အတွက် Retro Horror Vibe အပြည့်ပေးစွမ်းနိုင်မှာပါ။

Survival Horror, Dark Atmospheric Adventure နဲ့ Shotgun Action ကို အဓိကထား ဖန်တီးထားတာဖြစ်လို့ Storyline အများကြီးထက် အမိုက်စား Shotgun ကိုင်ပြီး ရင်တမမနဲ့ ပစ်ခတ်ရမယ့် Gameplay အပေါ်မှာပဲ ပိုပြီး Focus ထားထားတာကို တွေ့ရပါတယ်။

အဖြူအမည်းနဲ့ အနီရောင်ကိုပဲ ကစားထားတဲ့ Visuals တွေက အတော်လေး Unique ဖြစ်ပြီး ညဘက် နားကြပ်နဲ့ တပ်ဆော့ရင်တော့ သေချာပေါက် Thrill တစ်ခုရစေမယ့် ဂိမ်းမျိုးပဲဖြစ်ပါတယ်။

#HELLOYDB #DeadBeTheFallen #MobileGames #FPSHorror #SurvivalHorror
❤6
May 21, 2026 2.5K 1 1