ဆီဈေးပြဿနာက ဂိမ်းထဲမှာလဲ ကြုံရမှာမလို့ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးဆိုရင် ဒီဂိမ်းလေးကို မဆော့စေချင်ပါဘူး။ ဂိမ်းကစားတယ်ဆိုတာ တစ်နည်းအားဖြင့် တကယ့်လက်တွေ့ဘဝမှာ အလုပ်လုပ်ရတာ ပင်ပန်းလို့ ဂိမ်းထဲကိုဝင်ပြီး အနားယူကြတာပါ။ ဒါပေမယ့် ဒီ Easy Delivery Co. ကတော့ မင်မင်တို့ကို ဂိမ်းထဲမှာပါ Minimum Wage နဲ့ ခိုင်းစားမယ့် ဂိမ်းတစ်ခုဖြစ်နေပါတယ်။
𝐄𝐚𝐬𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐂𝐨. ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------
Easy Delivery Co. ဟာ PS1 ခေတ်ကလို Classic Graphic လေးတွေနဲ့ ဖန်တီးထားတဲ့ Story-rich Delivery Game လေးဖြစ်ပါတယ်။ သာမန် ပစ္စည်းပို့တဲ့ ဂိမ်းလေးလို့ ထင်ရပေမယ့်၊ တကယ့်တကယ်က နှင်းတွေဖုံးနေတဲ့ တောင်ပေါ်မြို့လေးရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မြို့ခံတွေရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေကိုပါ ဖော်ထုတ်ပေးရမယ့် ထူးထူးဆန်းဆန်းဂိမ်းလေးလို့ ပြောလို့ရပါတယ်။ ဘာလို့ဆို Developer တွေကိုယ်တိုင်ကိုယ်က ဘာလျှိုဝှက်ချက်မှ မရှိတဲ့ သာမန် Delivery ဂိမ်းလေးပါလို့ ပြောထားတာကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/easy-delivery-co.html?m=1

6
1April 1, 2026 2.8K 7 14