အိပ်ရေးပျက်ခံမလား၊ Multiplier တွေ သိန်းချီတက်သွားတဲ့ အရသာကို ခံစားကြည့်မလား... ပြောရရင် ရိုးရိုးဖဲဂိမ်းမဟုတ်ပဲ ကိုယ့်ရဲ့ဦးနှောက်ကို Dopamine တွေနဲ့ ရေချိုးပေးမယ့် Balatro ဂိမ်းပဲဖြစ်ပါတယ်။ 𝐁𝐚𝐥𝐚𝐭𝐫𝐨 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 ) -------------------- Balatro ဆိုတာ Poker ကစားနည်းကို အခြေခံထားတဲ့ Roguelike Deck-builder ဂိမ်းကြီးပါ။ P2W လည်း မပါ၊ အင်တာနက်လည်း လုံးဝမလိုတဲ့အပြင် Joker ကတ်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ဖဲချပ်တွေကို သိန်း၊ သန်း၊ ဘီလီယံချီတဲ့ အမှတ်တွေရအောင် Combo စပ်ရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Multiplier နံပါတ်ကြီးတွေ မီးပွင့်ပြီး တက်သွားတဲ့ အရသာက တကယ်ကို စွဲလမ်းစေတာကြောင့် Digital Crack လို့တောင် တင်စားခံရတဲ့ Masterpiece ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဆက်ဖတ်ရန် https://helloydbgame.blogspot.com/2026/03/balatro.html?m=1
March 30, 2026 2.2K 3 8