◻️စစ်မှုထမ်းအချက်ပေးခေါင်းလောင်း စစ်မှုထမ်းရမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ အကျုံးဝင်တဲ့ လူငယ်လူရွယ်အားလုံး ပြည်ပထွက်ခွင့် ပိတ်လိုက်တယ်။ချွင်းချက်အနေနဲ့ ပိုက်ဆံများများ သူတို့အိပ်ကပ်ထဲထည့်ပေးနိုင်တဲ့လူတွေတော့ ထွက်လို့ရနိုင်သေးတယ်။သေချာတာက ရှေ့လျှောက် လူငယ်တွေပြည်ပထွက်ခွင့်က တော်တော့်ကိုမလွယ်တော့မယ့် အခြေအနေဖြစ်သွားပြီ။ စစ်မှုထမ်းရမယ့်နာမည်စာရင်း အကြုံး၀င်သူအားလုံး စာရင်းပြုစုပြီး လူတိုင်းစစ်မှုထမ်းဆင့်ခေါ်တာကို စောင့်ရမယ်။ အခုဆိုရင် အမျိုးသမီးတွေကိုပါ နာမည်အတိအကျနဲ့ စာရင်းပြုစုပြီး သိပ်မကြာခင် အိမ်တိုင်ရာရောက် လာခေါ်တော့မယ် ဒါကတရား၀င် တရား၀င်၀င်/မ၀င်၀င် လစ်ရင်လစ်သလို ပေါ်တာဆွဲလူဖမ်းတာတွေလည်း ပိုစိပ်လာမယ်။ စစ်မှုထမ်း အမှတ်စဉ် ၉ အထိတောင် ရှိသွားပြီဆိုတော့ ပျှမ်းမျှအားဖြင့် လူ ၄ သောင်းကျော် စစ်တပ်ရောက်သွားပြီ ဒါတောင် ပေါ်တာဆွဲခံရတဲ့စာရင်းမပါသေး။သိပ်ကြောက်ဖို့ ကောင်းတဲ့ ကိန်းဂဏန်းအချက်အလက်တွေဖြစ်တယ်။ ရှေ့တန်းမပို့ပါဘူးလို့လိမ်ညာစစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ပို့ပြီး ထိုးကျွေးခံရတာ ထောင်နဲ့ချီသေသွားပြီးဖြစ်တယ်။ ဆိုလိုချင်တာက စစ်မှုထမ်းအခေါ်ခံရရင် သူတို့က ၂နှစ်/၅နှစ် ဘလိုပဲပြောပြော ပြန်လမ်းမရှိတာအသေချာဘဲ ။ စစ်ခေါင်းဆောင်တွေဟာ စစ်ရှုံးလာတာနဲ့အမျှ တိုင်းပြည်ကို အဆိုးဆုံးသော အခြေအနေထိ ဆွဲချသွားမှာတော့ အသေအချာမြင်နေရတယ် ။ အဲ့အတွက် လူငယ်တွေရဲ့ အရိုးပုံပေါ်က နင်းသွားမှာ။ လူငယ်လူရွယ်တွေ အားလုံးဟာ စစ်မှုထမ်းမပါချင်ရင် ရွေးချယ်စရာ ၃ ခုပဲ မြင်မိတယ်။ ◾တော်လှန်ရေးတပ်တွေ၊ PDF LDF ထဲဝင်တာ ◾တရားမဝင်နည်းလမ်းနဲ့ ပြည်ပထွက်တာ (ပိုက်ဆံပေးနိုင်ရင်တော့ တရား၀င်ထွက်ပေါ့) ◾တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ထွက်ပြေးအခြေချပြီး အုပ်ချုပ်ရေးယန္တရားတွေမှာ ပါ၀င်ထမ်းဆောင်၊ ဒါမမဟုတ် အခြေချနေထိုင် ဘဝပေး အခြေအနေက ဒီရွေးချယ်စရာ ၃ ခုလုံး အဆင်မပြေဘူးဆိုရင်လည်း ဘယ်လိုမှ အကြံမပေးတတ်တော့ဘူး။ တိုင်းပြည်ဟာ သိပ်ဝမ်းနည်းဖို့ ကောင်းတယ် တော်လှန်ရေးပြီးသွားရင်တောင် ကျန်ခဲ့တဲ့ အလုပ်လုပ်နိုင်မယ့် လူငယ် လူရွယ်တွေ အားလုံးဟာ စိတ်အနာတရတွေများစွာနဲ့ ရှင်သန်နေရတော့မှာဖြစ်တယ် ။ #CRD နိုင်ငံကြီးသားမှ ကူယူဖော်ပြသည်။
စစ်မှုထမ်းအချက်ပေးခေါင်းလောင်း စစ်မှုထမ်းရမယ့်… — HECAFC Info Channel — TG.ME
January 25, 2025 1.9K 18