ဟုတ်တယ်။ ကျမဘဝမှာ စာရေးတာတစ်ခုပဲ စိတ်ဝင်စားတာ။ ကျန်တာ ဘာကိုမှ… — Gem-Citrine In Your Heart — TG.ME

ဟုတ်တယ်။ ကျမဘဝမှာ စာရေးတာတစ်ခုပဲ စိတ်ဝင်စားတာ။ ကျန်တာ ဘာကိုမှ ကြာကြာစိတ်မဝင်စားဘူး။ အဲ့ဒါကြောင့် တကယ်တမ်းပြောရရင် Ongoing ရေးတာက ပိုပြီးမြန်တယ်ပြောရမယ်။ ဖိအားများပေမဲ့ သတ်မှတ်ရက်ရှိနေတော့ မဖြစ်မနေ စာရေးရ၊ စာစစ်ရတာကိုး။ ကျမကလည်း ဘဝဆိုတာ အလုပ်လုပ်ဖို့မဟုတ်ဘူး၊ Enjoy လုပ်ဖို့လို့ ခံယူထားတဲ့သူ။ ဆိုတော့ စာကိုလည်း အေးအေးဆေးဆေးပဲ ရေးဖြစ်တော့တယ်။ ဒီတစ်ပုဒ်မှာ Ongoing တင်မယ်လို့ တွေးထားတာကတော့ စာစစ်တာကိုပါ အေးအေးဆေးဆေးစစ်မိမှာစိုးလို့။ တွေးထားသလို တစ်ပတ် ၂ ပိုင်းနှုန်းတင်ပေးလိုက်ရင် အနည်းဆုံးတော့ တစ်ပတ် ၂ ပိုင်း စစ်ဖြစ်ဦးမယ်။ မဟုတ်ရင် ကျမက အခြားလုပ်ချင်တာတွေပဲ လျှောက်လုပ်နေမှာ။ အဲ့ဒါကြောင့် ဘာလို့ကြာတာလဲဘာညာဆိုရင် ကျမကိုက စာစစ်ရတာ တအားပျင်းလို့ပါ။ ဘယ်သူ့ကိုမှလည်း အားနာစရာမလိုတော့ စာတွေဖတ်လိုက်၊ ရုပ်ရှင်တွေကြည့်လိုက်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားလိုက်၊ ပျင်းရင် အိပ်နေလိုက်၊ အရေးကြီးတဲ့အလုပ်တွေ ထလုပ်လိုက်နဲ့ စာစစ်တဲ့အလုပ်ကို ဟိုး............ နောက်ဆုံးမှာ ပို့ထားတာမလို့ပါရှင်။ ><

September 4, 2026 3.4K 19 2