Gαო๋ᧉ Chֹ: post #6067 — TG.ME

Reply #3: အရေးကြီးဆုံးအတန်းရောက်နေပေမယ့် စာမလုပ်ချင်သူများအတွက် 🎓

﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎
စိတ်ပါလိုက် မပါလိုက်ဖြစ်နေရင် A Moon ကိုယ်တိုင် သုံးလေ့ရှိတဲ့ ဒီ ၃ ချက်ကို လုပ်ကြည့်ပါ-
၁။ ဝါသနာပါတာ အပေါ့စားလေး အရင်လုပ်ပါ
စာမလုပ်ခင် စိတ်အပန်းပြေအောင် သီချင်းတစ်ပုဒ်နားထောင်တာ၊ ပုံဆွဲတာမျိုး ခဏလုပ်ပြီးမှ စာအုပ်ကို တန်းဖွင့်ပါ။A Moonကတော့ crochetလုပ်ပါတယ်။

၂။ အားရှိတာ အရင်စားပါ
ဗိုက်ဆာရင် စိတ်မပါဘဲ ပျင်းလာတတ်လို့ စာမလုပ်ခင်နဲ့ စာလုပ်ရင်း ခဏနားတဲ့အချိန်မှာ မုန့် သို့မဟုတ် အသီးအနှံ စားပေးပါ။


၃။ သီးသန့်စာကြည့်နေရာ ထားပါ 📚
အိပ်ရာပေါ်မှာ စာမလုပ်ပါနဲ့။ သီးသန့်ခုံလေးကို သပ်ရပ်အောင်ပြင်ထားရင် အဲ့ဒီနေရာရောက်တာနဲ့ ဦးနှောက်က စာလုပ်ရမယ့် Mode အလိုလို ပြောင်းသွားပါလိမ့်မယ်။

"စိတ်ပါမှ လုပ်မယ်" ဆိုပြီး အချိန်မဖြုန်းပါနဲ့။ အခုပင်ပန်းတာ ခဏပါ၊ အနာဂတ်အတွက် အစွမ်းကုန် ရုန်းကန်လိုက်ရအောင်! A Moon က အားပေးနေမယ်။
#𝐀_𝐌ⱺⱺ𝗇
❤6❤‍🔥1💘1