Reply #2: ဖုန်းစွဲပြီး စာလုပ်ချင်စိတ် ပျောက်နေသူများအတွက်… — Gαო๋ᧉ Chֹ — TG.ME

Reply #2: ဖုန်းစွဲပြီး စာလုပ်ချင်စိတ် ပျောက်နေသူများအတွက်

﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎﹎


စာလုပ်ရင် ခဏလေးနဲ့ ရမှန်းသိရက်နဲ့ ဖုန်းပဲ ပွတ်နေမိတာ Dopamine Detox လိုအပ်နေလို့ပါ
ဖုန်းကို ဖြတ်ဖို့ A Moon က ဒီ ၃ ခုပဲ အကြံပေးချင်တယ်-

၁။ လူကြီးတွေကို ဖုန်းအပ်ထားပါ

အဲ့ချိန်မှာ ဖုန်းကို အမေ ဒါမှမဟုတ် အိမ်ကလူကြီးတစ်ယောက်ယောက်ကို သွားအပ်ထားပါ
သမီး/သား စာမပြီးမချင်း ဒီဖုန်းကို ပြန်မပေးပါနဲ့လို့ ပြတ်ပြတ်သားသား ပြောထားလိုက်ပါ


၂။ WiFi နဲ့ Notification တွေ ပိတ်ပြစ်ပါ

ဖုန်းကို မအပ်ဖြစ်ရင်တောင် WiFi/Data ကို လုံးဝပိတ်၊ Noti တွေကို Silent လုပ်ထားပါ
Ringtone မြည်သံကြားတာနဲ့ အာရုံပျက်ပြီး လက်က ဖုန်းဆီ ရောက်သွားတတ်လို့ပါ


၃။ နားတဲ့အချိန် TikTok လုံးဝမ ကြည့်ပါနဲ့

စာလုပ်ရင်း ခဏနားတဲ့ ၅ မိနစ်မှာ ဖုန်းပြန်ဖွင့်ပြီး TikTok, Reels တွေ လုံးဝ မကြည့်ပါနဲ့
၅ မိနစ်ကနေ နာရီဝက် ဖြစ်သွားပြီး စာပြန်လုပ်ဖို့ စိတ်လုံးဝ ပျောက်သွားလိမ့်မယ်ယနားရင် ရေသောက်တာ၊ လမ်းလျှောက်တာပဲ လုပ်ပါ

သိတဲ့အတိုင်း စာလုပ်ရင် ခဏလေးနဲ့ ပြီးမှာပါ
အချိန်ခဏလေးအချိန် ပေးပြီး အမြန် ကျက်လိုက်နော်


#𝐀_𝐌ⱺⱺ𝗇
💘3❤2🐳2🍓2
September 7, 2026 55