တစ်ကယ်အလုပ်လုပ်တယ်ဆိုတာ Facebook Post တွေလိုမဟုတ်ဘဲ....
တစ်ကယ်က ပျင်းစရာ ၊ အထီးကျန်စရာ ကောင်းတယ်ဆိုတာပေါ့။
ဘယ်သူမှ မကြည့်နေတဲ့ ညဘက်တွေမှာ Editing ထိုင်လုပ်တယ်။
ဘယ်သူမှ မကြည့်နေတဲ့အချိန်မှာ စာလုပ်ရတယ်။
ဘယ်သူမှ မကြည့်နေတဲ့အချိန် လေ့ကျင့်ခန်းလုပ်တယ်။
ဘယ်သူမှ မကြည့်နေတဲ့ အချိန်မှာ ကိုယ်ဖြစ်ချင်တာတွေ အတွက် အားစိုက်အလုပ်လုပ်တယ်။
အဲ့လို လူတွေမကြည့်နေတဲ့ အချိန်မှာတောင် ချီးကျူးစကားဆိုတဲ့ လောင်စာမလိုဘဲ....
လုပ်နိုင်ရင် ကိုယ့်လူက လူငယ်အကောင်ဖြစ်နေပြီ။


