𝕃𝕖𝕒𝕣𝕟𝕖𝕣 ℂ𝕙𝕒𝕟𝕟𝕖𝕝📖📚: post #458 — TG.ME

သတိပေးစရာလေးရှိလို့ပါ
အခုရက်ပိုင်း Telegramမှာ linkတွေကနေတစ်ဆင့် Account Hack ခံသူတွေရှိနေကြောင်းသိရပါတယ်။

ကိုယ့်အကောင့်ကို သိတဲ့သူကဖြစ်စေ၊မသိတဲ့သူဖြစ်စေ "ဒီထဲမင်းပုံပါလား" သို့မဟုတ် ဖမ်းစားရလွယ်ကူတဲ့messageတစ်မျိုးမျိုးနဲ့ t.me နဲ့စတဲ့linkတစ်ခု ပို့လာပါလိမ့်မယ်။"မင်းပုံပါလား" စတဲ့ကိုယ်နဲ့ပတ်သတ်နေနိုင်တဲ့စကားမျိုးကြောင့် link ထဲကိုအလွယ်တကူ၀င်မိပါလိမ့်မယ်။ဒါပေမဲ့ link ကိုနှိပ်လိုက်မယ်ဆိုရင်ပုံကတန်းပေါ်လာမှာမဟုတ်ပဲ နောက်ထပ်linkတစ်ခုကိုjoinခိုင်းမှာဖြစ်ပါတယ်။Joinမိလိုက်ပြီဆိုရင်တော့ ကိုယ့်ရဲ့Tg acc 💯 hackခံလိုက်ရပြီဖြစ်ပါတယ်။ကိုယ်ရေးကိုယ်တာprivateကိစ္စတွေ၊မိမိရဲ့security၊ တွေကို ထိခိုက်လာနိုင်ပါတယိ
Account Hackခံလိုက်ရတဲ့အခါ ကိုယ်နဲ့စကားပြောထားတဲ့chatတွေကိုပါတဆင့်အဲ့linkတွေautomatically ပို့နေမှာဖြစ်ပြီးဆင့်ပွားhackခံရမှုတွေဖြစ်လျက်ရှိပါတယ်။(programmed)💻
ဒါကြောင့် ကိုယ့်ဆီကိုပို့လာတဲ့ ဘယ်လိုခေါင်းစဉ်၊စကားမျိုးနဲ့ဖြစ်စေ linkကို၀င်မကြည့်ကြဖို့ သတိပေးအပ်ပါတယ်။

ဂရုစိုက်ပါနော်🙌
#Hnin
❤8🔥2
July 17, 2025 667 1 6