သမိုင်းဝင်စကားတွေထဲက အင်္ဂလိပ်စကားလုံးများ They said our country was on the brink of an "abyss", and claimed to be the "saviour" of the nation. ကျနော်တို့ တိုင်းပြည်ဟာ သူတို့ပြောတဲ့ ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးပါလို့ အခိုင်အမာဆိုကြတယ်။ ပြီးခဲ့တဲ့ 21 ရက်နေ့တုန်းက Joe Biden ဟာ နောင်လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့တယ်။ 22 ရက်နေ့မှာတော့ မင်းအောင်လှိုင်က သူ့ကိုယ်သူ မြန်မာနိုင်ငံရဲ့ယာယီသမ္မတအဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရာထူးနေရာက ဖယ်ပေးလိုက်တာကို stand down/ step down/ step aside စသဖြင့် သုံးကြပါတယ်။ He stood down to make way for someone younger. (OALD 10th edition) သူဟာ ပိုငယ်တဲ့သူတွေကို နေရာပေးဖို့ ရာထူးမှ ဆင်းခဲ့တယ်။ ရာထူးလက်လွှဲယူတာကိုတော့ take over ဆိုတဲ့ ကြိယာတွဲနဲ့ ပြောလို့ရပါတယ်။ Min Aung Hlaing took over the presidency after Myint Swe resigned. စကားမစပ် (တကယ်တော့ စပ်ချင်လည်း စပ်လို့ရတယ်) အာဏာသိမ်းတာကိုလည်း take over လို့ ပြောတယ်။ The army is threatening to take over if civil unrest continues. ပြည်တွင်းမငြိမ်မသက်မှု ဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်ဟာ အာဏာသိမ်း/ထိန်း ရတော့မယ်လို့ ခြိမ်းခြောက်နေတယ်။ (Oxford အဘိဓာန်ထဲက ဝါကျနော် ဖမ်းချင် အင်္ဂလန်သွားဖမ်း) အခုတော့ မင်းအောင်လှိုင်ဟာ ယာယီသမ္မတ (Acting president) ဖြစ်သွားပါပြီ။ ဒါပေမဲ့ တရားဥပဒေအရမဟုတ်ဘဲ ကိုယ်ခန့်ကိုယ်လုပ် a self-appointed president မျှသာ ဖြစ်ပါတယ်။ အင်းပေါ့ သူ့လောက်ဘယ်သူမှ အရေးမပါ၊ အရည်အချင်းမရှိပါဘူးလို့ ပြောထားဖူးတာကိုး။ a self-important egotist = မိမိကိုယ်ကို အားလုံးထက်ပိုတော်၊ ပိုအရေးပါသည်ဟု အထင်ရောက်နေသူ Biden ကြီးကတော့ နောက်ထပ်ရွေးကောက်ပွဲဝင်မပြိုင်တော့ဘူးလို့ ပြောလိုက်ခြင်းကြောင့် လူအများရဲ့လေးစားမှုကို ရပေမဲ့ နိုင်ငံရေးသမားတွေကြားမှာတော့ lame duck (ဘဲထော့ကျိိုး) ဖြစ်သွားမှာ စိတ်ပူကြတဲ့သူတွေလည်း ရှိပါတယ်။ lame duck ဆိုတာ လက်ရှိအမေရိကန်သမ္မတ တစ်ယောက် နောက်ထပ်သက်တမ်းအတွက် ရွေးကောက်ပွဲမှာ အရွေးမခံရတော့ရင် လက်ကျန်သက်တမ်းမှာ လူမလေးခွေးမခန့်ဖြစ်ရတဲ့အဖြစ်ကို ခြေကျိုးနေတဲ့ဘဲနဲ့ ခိုင်းနှိုင်းပြောကြတာ ဖြစ်ပါတယ်။
41
8