ဒီနေ့ညလည်း အရင်တစ်ပတ်ကလို ၈နာရီကနေ ၁၀နာရီလောက်အထိ Zoom မှာ ဆုံကြမယ်… — English by YKL 🇬🇧 — TG.ME

ဒီနေ့ညလည်း အရင်တစ်ပတ်ကလို ၈နာရီကနေ ၁၀နာရီလောက်အထိ Zoom မှာ ဆုံကြမယ် ခင်​ဗျ။ တကယ်တမ်းပြောရရင် ဒီလကို အတန်းကြော်ငြာတင်တုန်းက ရေဘေး၊ စစ်ဘေး၊ ရောဂါကပ်ဘေးတွေနဲ့မို့ အရင်လတွေကလို ကူ share ပေးဖို့ ပြောမထွက်တာနဲ့ ဘာမှမပြောဘဲ ဒီအတိုင်းလေးပဲ တင်ခဲ့ပါတယ်။ (ကြော်ငြာတောင် တင်သင့်မတင်သင့် ချိန်နေရလို့ နောက်ဆုံးအတန်းမစခင် နှစ်ရက်အလိုမှ တင်ဖြစ်ခဲ့ပါတယ်) ဒါပေမဲ့လည်း ပုံမှန် share ပေးနေကျ ဆရာဆရာမတွေ၊ အတန်းသူအတန်းသားဟောင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက အရင်လိုပဲ share ပေးကြတာကို အံ့သြဝမ်းသာစရာ တွေ့လိုက်ရပါတယ်။ It really moved me. ကိုယ်အဆင်ပြေမနေတဲ့အချိန်မှာတောင် ကျနော့်ကို နှုတ်၏စောင်မခြင်းနဲ့ ကူညီပေးကြတာ တကယ် အံ့အားသင့်မိတယ်။ အဲ့အတွက် ကျနော်တစ်ခုခု ပြန်လုပ်ပေးချင်တယ်။ အရင်လိုစာတွေရေးဖို့ ဘယ်လိုမှ စိတ်ပါမနေပေမဲ့ Zoom မှာတော့ English နဲ့ ပတ်သက်လို့ သိသင့်တာ၊ သိချင်တာလေးတွေ ပြောပြပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနေ့ညကတော့ self-study လုပ်ရာမှာ မပါမဖြစ် ဖြစ်တဲ့ အဘိဓာန်ကြည့်နည်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ Oxford Advanced Learner's Dictionary ကို နမူနာထားပြီး ပြောပြပေးပါမယ်။ အဘိဓာန်ကြည့်တယ်ဆိုတာ A ကနေ Z အထိ အက္ခရာစဉ်တိုက်ပြီး အဓိပ္ပာယ်ကြည့်ရုံသက်သက်လို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်ယူတတ်ရင် အဘိဓာန်ကနေ ဒီထက်ပိုပြီး အများကြီးနှိုက်ထုတ်လို့ရပါတယ်။ Countable/Uncountable Transitive/Intransitive formal/informal approving/disapproving စသဖြင့် အဘိဓာန်ထဲမှာ ပေးထားလေ့ရှိတဲ့ မှတ်ချက်လေးတွေအကြောင်း သေချာရှင်းပြပေးပါမယ်။ လုံးဝ Free of charge ပါ။ ID: 2028082468 Passcode: EngYKL Date: 12th July 2024 (Firday) Time: 8 p.m. to 10 p.m. (Myanmar Standard Time) See y'all tonight. 💙

❤89
July 12, 2024 4.1K