၂၀၂၀ တုန်းက မွေးနေ့ပါတီတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် ⚠️… — 💭 𝐒𝐩𝐫𝐢𝐧𝐠 𝐓𝐫𝐞𝐞 (Knowledge Hub) 🌳 — TG.ME

၂၀၂၀ တုန်းက မွေးနေ့ပါတီတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ အဖြစ်အပျက် ⚠️ 🎈


🎂 ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတုန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ နာမည်ကြီး Blogger တစ်ဦးရဲ့ မွေးနေ့ပါတီကို အလုံပိတ် ရေကူးကန်ပါတဲ့ နေရာမှာ ကျင်းပခဲ့ပါတယ်။ 🇷🇺

🧊 ပါတီပွဲမှာ ဓာတ်ပုံရိုက်လို့ လှအောင်ဆိုပြီး ရေခဲခရောက် (Dry Ice) ၂၅ ကီလိုဂရမ် (၅၅ ပေါင်) ကို အလုံပိတ် ရေကူးကန်ထဲ လောင်းထည့်ခဲ့ကြပါတယ်။ 🏊‍♂️

☁️ ရေထဲရောက်တာနဲ့ အဖြူရောင် အငွေ့ထွက်ကြီး ဖုံးလွှမ်းသွားပြီး ပါတီတက်ရောက်သူတွေက ရေထဲကို ​ပျော်ပျော်ပါးပါး ခုန်ချခဲ့ကြပါတယ်။ 🎉

ဒါပေမဲ့ ဘာဖြစ်သွားခဲ့လဲ ... 🚨


😵‍💫 🫁 ရေမျက်နှာပြင်ပေါ်မှာ ဝဲနေတဲ့ CO_2 အငွေ့တွေကြောင့် ရေထဲဆင်းသွားသူတွေဟာ အောက်ဆီဂျင် ပြတ်လပ်ပြီး စက္ကန့်ပေါင်းအတွင်း သတိလစ်သွားခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၇ ဦး ဆေးရုံတင်ခဲ့ရပါတယ်။ 💔 🏥

အလှဓာတ်ပုံတွေထက် အသက်အန္တရာယ် ကင်းရှင်းရေးက ပိုအဓိကကျတာမို့ အသိပညာရရှိဖို့ Share ပေးလို့ကြပါဦးနော် 💡📲

#Moe
#Science_Facts
#Stay_Safe
#Forward_only
❤‍🔥4❤2🔥2🕊2🎉1
August 28, 2026 102