DJI Droneတွေကိုလေယာဉ်ကွင်းတွေနားမှာမောင်းလို့မရအောင်သူ့ကုမ္ပဏီက GPS… — EAOs in Myanmar — TG.ME

DJI Droneတွေကိုလေယာဉ်ကွင်းတွေနားမှာမောင်းလို့မရအောင်သူ့ကုမ္ပဏီက GPS ကနေတစ်ဆင့်ကန့်သတ်ထားတယ်။ အခု EAOs တွေသုံးနေတဲ့Droneတွေက တရုတ်ထုတ်၊တရုတ်GPS နဲ့သုံးရတာ တရုတ်ကတက်ခွင့်မပေးချင်ရင် တစ်တောင့်ထွာလောက်ပဲပျံလို့ရမယ်လို့ပြောကြတယ်။ နည်းပညာအရ jumper (Jammerမဟုတ်ပါ)ကျော်သုံးလို့ရနိုင်တယ်ဆိုပေမယ့် တရုတ်က သူ့ဆာဗာကနေတစ်ဆင့်ထိန်းချုပ်နိုင်နေဆဲပါပဲ။ ဒါ‌ေကြာင့်လည်း fixed wings လေယာဉ်တွေဘက်လှည့်လို့ရပေမယ့် တိကျမှုမှာ အားရလောက်စရာမဟုတ်ပြန်ဘူး။ ၁၀၂၇ဒုတိယလှိုင်းအပြီး EAOs တွေဘက်မှာ ရှော့တိုက်ဒုံးနဲ့ဒရုန်းတွေ အစပိုင်းကလောက်မသုံးတော့တာတွေ့လာရတာကလည်း တရုတ်ကတကယ်ပဲ ပိတ်ဆို့လိုက်လေသလားထင်မြင်စရာဖြစ်လာပါတယ်။ AAဘက်ကျတော့ စနိုက်ပါ၊RPGအတွက်အစပ်နဲ့တပ်စိတ်အဆင့်တပ်စုအဆင့်ကိုဖွဲ့စည်းပြီးတပ်မတော်ဘက်ကိုတိုက်ခိုက်တာကအတော်ကလေးတာသွားခဲ့တယ်ဆိုရပါမယ်။ ရခိုင်_ဧရာဝတီအစပ်က တိုက်ပွဲတွေမှာထိခိုက်လာသူအတော်များများဟာ စနိုက်ပါကြောင့်ပါ။အဲဒါအတွက် အဖြေလည်းရှိပါတယ်။ အခုလောက်စစ်ပွဲကြာရှည်ခဲ့ပြီဆိုတော့ ‌သင်ခန်းစာဖော်ထုတ်ချက်တွေလည်းများလောက်ပါပြီ ပြောင်းလဲနေတဲ့ခေတ်သစ်စစ်ပွဲရဲ့ပုံစံတွေကိုမျက်ခြေမပြတ်ပဲ၊လိုက်လျောညီထွေစွာပြောင်းလဲလိုက်ရင်အဆင်ပြေလာမယ်ထင်ပါတယ်။ #BNYY

February 22, 2025 2.3K 2