ကြီးအုံကြီးဝရေလှောင်တမံမှ လျှပ်စစ်စွမ်းအင်များအား PDF ထိန်းချုပ်နယ်မြေများသို့ (၂၄) နာရီပို့လွှတ်နေ
မကွေး၊ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံ နှင့် ဆိုလာစက်ရုံ တို့ကို PDF က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ က ထိန်းချုပ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ရာဒေသများသို့ လျှပ်စစ်ဓာတ်အားကို (၂၄) နာရီပို့လွှတ်လျက်ရှိကြောင်းသိရသည်။
ရေအားလျှပ်စစ်စက်ရုံ သည် လျှပ်စစ်ဓာတ်အား (၇၄) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး ဆိုလာစက်ရုံမှ (၃၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် စုစုပေါင်း လျှပ်စစ်ဓာတ်အား (၁၃၄) မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဆည်တစ်ခုဖြစ်သည်။
၎င်းအဖွဲ့သည် ဝန်လိုရွာ၊ ခိုနန်းရွာအပါအဝင် စသည့်ကျေးရွာများကို (၂၄) နာရီ ဓာတ်အားပို့လွှတ်စေပြီး ၎င်းတို့၏လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ထိုဒေသများအားရှင်းလင်းခြင်းမပြုသေးပေ။
လျှပ်စစ်ဓာတ်အား စီမံခန့်ခွဲမှုမတိကျပါက နိုင်ငံတော်၏လျှပ်စစ်စွမ်းအင်ကဏ္ဍကို အနည်းငယ်ထိခိုက်နိုင်သည်။
ကြီးအုံကြီးဝရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံနှင့် ဆိုလာစက်ရုံမှ လျှပ်စစ်ဓာတ်အားများသည် မင်းဘူးလျှပ်စစ်ရုံးသို့ တိုက်ရိုက်ပို့လွှတ်သည့်နေရာတစ်ခုလည်းဖြစ်သည်။
MFG
January 26, 2025 2.4K 4