ကျွန်တော့်ကို မုန်းပစ်လိုက်ပါ ခင်နှင်းဆီ ကျွန်တော်ဟာ မိသားစုဝင်တွေနဲ့… — 𝘾𝙃𝘼𝙉𝙉𝙀𝙇 𝘽𝙔 𝘿𝙀𝙓𝙏𝙀𝙍 — TG.ME

ကျွန်တော့်ကို မုန်းပစ်လိုက်ပါ ခင်နှင်းဆီ ကျွန်တော်ဟာ မိသားစုဝင်တွေနဲ့ ချစ်ရသူလေးထက် ဟော့ဒီ ခေါင်းမဖော်နိုင်တော့တဲ့နိုင်ငံအပေါ် ပိုတာဝန်ကျေချင်ခဲ့တဲ့ကောင်။ ကျွန်တော်က တိုင်းပြည်အတွက်ပဲ ငဲ့ကြည့်နေတဲ့အချိန် မခင်နှင်းဆီက ကျွန်တော့်ဖက်ကို ရဲရဲကြီးမျက်နှာမူခဲ့တယ်။ လွဲမှားနေတဲ့ စနစ်တွေကြားထဲ ကျွန်တော့်လိုကောင်အပေါ်ထားတဲ့ ခင်ဗျားရဲ့အချစ်တွေဟာ မှားတယ်လို့တွေးပြီး ကျွန်တော့်ကို မုန်းပစ်လိုက်ပါ မခင်နှင်းဆီ။ သိပ်ချစ်ပါတယ် ဆိုတာကိုအကြောင်းပြုပြီး ခင်ဗျားအပေါ် သဝန်တိုခြင်းတွေနဲ့ နှောက်ယှက်ခဲ့တာ ကျွန်တော် ခင်ဗျားကို ဘယ်လောက်စိတ်ဆင်းရဲစေခဲ့ပြီလဲ။ ချစ်တာကိုချစ်တဲ့အကြောင်း မဖော်ပြတတ်ခဲ့တဲ့ကောင် မခင်နှင်းဆီရဲ့ အလေးထားခြင်းကို အချစ်လို့ချည်း တွေးထားမိနေတယ်။ အဲ့ဒီကိစ္စမှာ ပဋိပခဖြစ်လာကြပြီမဟုတ်လား။ ခင်ဗျားလက်နဲ့ပြုပြင်ခဲ့တဲ့ ကျွန်တော့်ဘဝကို ခင်ဗျားကိုယ်တိုင် ဖြိုချပြီး “ သတိ မငိုရ “ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျွန်တော့်ကို မုန်းပစ်လိုက်ပါ မခင်နှင်းဆီ။ -လှိုင်းရူးလွင့်

October 19, 2024 540 1