ဒို့အရေး Channel အလှူရှင်များ ဖိတ်ခေါ်ခြင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့။ ၁။ ဒို့အရေး Channel 2 အနေဖြင့် ပြည်သူမှ CDM သို့ ဟူသည့် အတိုင်း အရာရာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ပြည်သူ့ဘက်တော်သား သူရဲကောင်း CDM များအား လစဉ် ဆယ်ဦးနှုန်း ထောက်ပံ့လျှက်ရှိပါသည်။ ၂။ ထိုသို့ ထောက်ပံ့ပေးနိုင်ရန်အတွက် မိဘပြည်သူများမှပင် ကူညီပံ့ပိုးအား ဖြည့်ပေးခဲ့ကြခြင်းဖြစ်ပြီး ပါဝင်ပေးခဲ့ကြသော တစ်ဦးချင်းစီအား ဒို့အရေး Channel 2 မှ ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူရပါသည်။ ၃။ ဆက်လက်၍ အမှန်တကယ် လိုအပ်နေသေးသော ပြည်သူ့သားကောင်း CDM များ အား လစဉ် ထောက်ပံ့ပေးနိုင်ရန် အတွက် မိဘ ပြည်သူများ အနေဖြင့် သဒ္ဓါတရားနည်းများမဆို ကုသိုလ် ပြု ပါဝင်ကူညီအားဖြည့် ပေးရန် မေတ္တာရပ်ခံ အပ်ပါသည်။ဒို့အရေး Channel 2 ၏ Page massager မှ ပါဝင်အားဖြည့် ကူညီနိုင်ပါကြောင်း ၊ အလှူရှင် များအား ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိပါကြောင်းနှင့် အလှူရှင်များကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သွားမည်ဖြစ်ပြီး ဒို့အရေး Channel 2 အနေဖြင့် CDM များ ကိုလည်း လိုအပ်သော သင်တန်းများ မျှဝေပေးနိုင်အောင် စီစဉ်လျှက် ရှိပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ အရေးတော်ပုံ အောင်ကို အောင်ရမည်။ ဥက္ကဌ ဒို့အရေး Channel https://www.facebook.com/share/p/181P5icCmP/ https://t.me/DAYChannel2
Telegramဒို့အရေး Channel 2ဖက်ဒရယ်ဒီမိုကရေစီရရှိရန် အနာဂတ်မှာမျိုးဆက်အတွက် မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်သွားမည်။ဒို့အရေး Channel 2: post #18051 — TG.ME
December 25, 2025 523