Match Point (2026) ချစ်ခြင်းရဲ့ ဆုံမှတ် (၂၀၂၆) Ep-6 Copyright… — Love Destiny ( ဘဝသံသရာမှ အချစ် ) — TG.ME

Match Point (2026) ချစ်ခြင်းရဲ့ ဆုံမှတ် (၂၀၂၆) Ep-6 Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော် ဆန်း အဖြစ် Ping Krittanun Aunchananun ဘေး အဖြစ် Teshow Promsakha Na Sakonnakhon ဇာတ်လမ်းအကျဉ်း ဆန်း ဟာ ကျောင်းမှာအရာရာ ပြီးပြည့်စုံလွန်းတဲ့ တင်းနစ်အားကစားသမားတစ်ယောက် ဖြစ်ပြီး၊ ဘေး ကတော့ အနုပညာလိုင်းဘက်မှာ အပျော်တမ်းနေတတ်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဖေတွေဖြစ်ကြတဲ့ ချွန် နဲ့ ဘီ တို့ဟာ ဒင်မ်ဆန်း ဆိုင်ကြီး နှစ်ဆိုင်ကို အပြိုင်အဆိုင် ဖွင့်လှစ်ထားကြပြီး မိသားစုချင်း မတည့်ကြသူတွေပါ။ ဆန်း ရဲ့ မိသားစုက ရှေးရိုးရာ "Sming Phon Fai" ဆိုင်ကို ပိုင်ဆိုင်ပြီး ဘေး ရဲ့ မိသားစုကတော့ "Merlion" ဆိုင်ကို ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဘေး က ဆန်း ကို မကျေနပ်လို့ တင်းနစ်လက်ရွေးစင်ရွေးပွဲမှာ ဝင်ရောက်နှောင့်ယှက်ခဲ့ရာကနေ ဆန်း ဟာဒဏ်ရာရရှိသွားပြီး ပွဲမှာရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပြဿနာကြောင့် ကျောင်းအုပ်ကြီးက နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ဖို့ အမိန့်ထုတ်ခဲ့သလို၊ သူတို့ရဲ့ အဖေနှစ်ယောက်ကလည်း ပြိုင်ပွဲမှာ ရှုံးတဲ့သူရဲ့ ဒင်မ်ဆန်း ဆိုင်ကို အပြီးပိတ်ရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ပြိုင်ပွဲနေ့ ရောက်ရှိလာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆန်း နဲ့ ဘေး တို့ဟာ ကျောင်းကိုယ်စားပြု အမျိုးသားစုံတွဲ အဖြစ် ပူးပေါင်းယှဉ်ပြိုင်ကြဖို့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီအချက်ကို သူတို့ရဲ့ အဖေတွေကို လျှို့ဝှက်ထားခဲ့ကြပြီး အတူတကွ လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။ အတူတူ လေ့ကျင့်ရင်း နားလည်မှုတွေတိုးကာ တစ်ယောက်ကိုတစ်ယောက် စိတ်ဖွင့်ပြလာကြတဲ့အခါ ဆန်း နဲ့ ဘေး တို့ဟာ သီးသန့်ကတိတစ်ခု ပြုလုပ်ခဲ့ကြပါတယ်.... "အကယ်၍ သူတို့စုံတွဲချန်ပီယံဆု ရရှိခဲ့ရင်အဖေတွေက သူတို့နှစ်ယောက် တွဲတာကိုခွင့်ပြုရမည်၊ အကယ်၍ ရှုံးနိမ့်ခဲ့ရင် တစ်‌ယောက်နဲ့တစ်ယောက်ဘဝမှာ နောက်ထပ် ဘယ်တော့မှ မတွေ့ကြတော့ကြေး" ဆိုပြီး ဖြစ်ပါတယ်။ မိသားစုအကြွေးနဲ့ ကိုယ်ပိုင်အချစ်ရေးကြားမှာ ဆန်း နဲ့ ဘေး တို့ ကွင်းထက်မှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမယ့် Sports Romance ဇာတ်လမ်းလေးကို အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်လိုက်ကြရအောင်ရှင့် #MatchPoint #thaiseries #2026series #mmsub #BL #blackhole

August 31, 2026 329