အခုနောက်ပိုင်း အဆင်မပြေမှုတွေကြုံနေတဲ့အချိန်မှာ… — 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀 — TG.ME

အခုနောက်ပိုင်း အဆင်မပြေမှုတွေကြုံနေတဲ့အချိန်မှာ ငါမှဖြစ်နေရလားဆိုတဲ့အတွေးနဲ့စိတ်ထက် ဒါက ငါ့ကို စမ်းသပ်နေတာလို့ပဲတွေးပြီး ကျော်ဖြတ်လာနိုင်တယ်။

အရင်လို ဒါတွေကငါ့မှပဲဖြစ်ရလားဆိုပြီး တွေးနေရင် စိတ်ကပိုပင်ပန်းရတယ်။စိတ်က မကြည်လေ အခြေနေတွေပိုစိုးလေပဲ။

ဒါကြောင့် အခက်အခဲတွေကြုံလာရင် ဒါက ငါ့ကိုစမ်းသပ်နေတာ ၊ဒီအရာက ရက်ပိုင်းတွင်း သူ့ဟာနဲ့သူပြေသွားမှာလို့တွေးပါ။ကိုယ်မထင်ထားတဲ့နေရာကနေလည်းအဆင်ပြေသွားတာမျိုးရှိလာပါလိမ့်မယ်။


#Aura
#Caleyar
❤27
January 20, 2026 1.7K 8