အသေးစား နှလုံးခွဲစိတ်မှု ခံယူရမယ်လို့ တိုမီနေး အတည်ပြု CNI Sport News… — Channel News Independent(CNI) — TG.ME

အသေးစား နှလုံးခွဲစိတ်မှု ခံယူရမယ်လို့ တိုမီနေး အတည်ပြု

CNI Sport News

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃

နာပိုလီအသင်း ကွင်းလယ်လူ တိုမီနေးက သူဟာ အသေးစား နှလုံးခွဲစိတ်ကုသမှုခံယူရမယ်လို့ အတည်ပြုခဲ့ပေမယ့် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

တိုမီနေးက “ကျနော် အဆင်ပြေပါတယ်။ ဒီခွဲစိတ်မှုက ကလပ်အသင်းနဲ့အတူ ပြုလုပ်ဖို့ စီစဉ်ထားတာ ကြာပါပြီ။ ရာသီကြိုမှာကတည်းက ကျနော်တို့ ပြောပြီးသွားပါပြီ။ ကျနော် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရ ပါလိမ့်မယ်” လို့ AIC ရဲ့ နှစ်ပတ်လည်ဆုပေးပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-sport/38663-aasayyhcarr-nhalonehkwalhcatemhu-hkanyuuramaallhoet-tomenayy-aataipyu
September 3, 2026 71