အာဆင်နယ် vs ချဲလ်ဆီး တနင်္ဂနွေ (ည ၁၀း၀၀ နာရီ) တနင်္ဂနွေညအတွက်… — ဘောလုံးဘော်ဒါများ (Ball Bros MM) — TG.ME

အာဆင်နယ် vs ချဲလ်ဆီး တနင်္ဂနွေ (ည ၁၀း၀၀ နာရီ) တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကို လန်ဒန်ဒါဘီပွဲကနေ သွားကြည့်ချင်ပါတယ်။ အာဆင်နယ်က ရာသီသစ်ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိသေးပါဘူး။ ဒါပေမဲ့ ချဲလ်ဆီးတိုက်စစ်က အာဆင်နယ်ကစားခဲ့တဲ့ တန်းတက်ကိုဗင်ထရီ၊ အသွင်ပြောင်းကာလ ဗီလာတို့ထက် အများကြီးပိုအန္တရယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ရာသီအစ ပရီးမီးယားလိဂ်မှာ ပတ်ဒရို၊ ရော်ဂျာ၊ ပယ်လ်မာတို့ရဲ့ချဲလ်ဆီး ၃ ယောက်တွဲ တိုက်စစ်က အတော်လေးခြေစွမ်းပြနေတာပါ။ ဒါ့အပြင် အာဆင်နယ်ခံစစ်က လူစုံသေးတာမဟုတ်ဘူး။ ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်လည်း နောက်ဆုံး ၉ ကြိမ်မှာ ၆ ကြိမ်က အပြန်အလှန်သွင်းဂိုးရှိခဲ့တာပါ။ ဆိုတော့ ပြီးခဲ့တဲ့ရာသီအမ်းမရိတ်စ်မှာ တွေ့ခဲ့စဉ်တုန်းကလိုပဲ သွင်းဂိုးတွေ မြိုင်ဆိုင်နိုင်ပါတယ်။ တနင်္ဂနွေည လန်ဒန်ဒါဘီဟာ သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ပေးနိုင်မှာပါ။ ရွေးချယ်မှု - အာဆင်နယ်ဂိုးပေါ်

September 6, 2026 38