ဘောလုံးဘော်ဒါများ (Ball Bros MM): post #2901 — TG.ME

တနင်္ဂနွေညအတွက် တစ်ကွက်ကောင်းကိုလည်း ပရီးမီးယားလိဂ်က ဆက်ရွေးထားပြီး မန်ယူနဲ့အစ်ဆွစ်ချ်တို့ရဲ့ပွဲကို သုံးသပ်ကြည့်ချင်ပါတယ်။

ပြီးခဲ့တဲ့အပတ် မမျှော်လင့်ထားတဲ့ အဖွင့်ပွဲအရှုံးကနေ ရုန်းထနိုင်ဖို့ မန်ယူဟာ အိမ်ကွင်းမှာ အတော်လေး အားခဲထားမှာပါ။

တကယ်ဆို ဟားလ်စီးတီးနဲ့ပွဲမှာ မန်ယူဟာ တစ်ဂိုးမှ မရခဲ့ပေမယ့် ဂိုးကန်သွင်းချက် ၂၁ ကြိမ်တောင် ရှိခဲ့ပါတယ်။

အခွင့်အရေးအသုံးချနိုင်မှု အားနည်းနေတာကို အမြန်ဆုံးပြင်ဆင်နိုင်ရင် မန်ယူဟာ အခုအိမ်ကွင်းပွဲမှာ ဂိုးမရနိုင်စရာ အကြောင်းမရှိပါဘူး။

အစဉ်အလာအရလည်း အစ်ဆွစ်ချ်ဟာ မန်ယူအတွက် အိမ်ကွင်းငယ်နိုင်လိုဖြစ်ပြီး အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၄ ကြိမ်စလုံးမှာ နိုင်ထားကာ အဲဒီပွဲတွေမှာ ၁၈ ဂိုးတောင် သွင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ သန်း ၂၀၀ နီးပါး သုံးထားတဲ့ အစ်ဆွစ်ချ်ကလည်း လျှော့တွက်မရပါဘူး။

ဒါ့အပြင် အဲဒီတန်းတက်အသင်းဟာ ပြိုင်ပွဲအသွင် နောက်ဆုံး ၁၈ ပွဲမှာ ၁၆ ဂိုးသွင်းထားတာကြောင့် ယုံစားလို့ မရနိုင်သေးတဲ့ မန်ယူခံစစ်ကို ဒုက္ခပေးနိုင်စွမ်း ရှိတာပါ။

ဒါကြောင့် မန်ယူထက်စာရင် ဂိုးအများကသာ ပို safe ဖြစ်နိုင်ပါကြောင်း။

ရွေးချယ်မှု - မန်ယူဂိုးပေါ်
August 30, 2026 21