ကြိုတင်နှိုးဆော်တိုက်တွန်းခြင်း 🚨🚨 ၂၀၂၆ ခုနှစ်၊… — Myanmar Basic Education Home — TG.ME

Forwarded fromBEBECA Public FAQ
🚨🚨 ကြိုတင်နှိုးဆော်တိုက်တွန်းခြင်း 🚨🚨

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုမည့်ကျောင်းသား/သူများသို့ ကြိုတင်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း အွန်လိုင်းဖြေဆိုခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ (၂၆) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့အထိ ကာလအတွင်း ဖြေဆိုနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်ကြေညာထားပါသည်။

အချို့ဒေသများတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှစ၍ Starlink မူဝါဒအသစ်အ‌ပြောင်းအလဲအရ Starlink Internet ဝန်ဆောင်မှုပြတ်တောက်နိုင်ကြောင်း ခန့်မှန်းသတင်းများ ပျံ့နှံ့လျက်ရှိပါသဖြင့် Starlink အင်တာနက်အသုံးပြု၍ BECA ဖြေဆိုကြမည့်ကျောင်းသားများအနေဖြင့် ၂၀၂‌၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ မတိုင်မီ ဘာသာရပ်များအားလုံးကို ပြီးစီးအောင် ပိုမိုအားစိုက် ကြိုးစားဖြေဆိုကြပါရန် ကြိုတင်တိုက်တွန်းနှိုး‌ဆော်အပ်ပါသည်။


#NUGMOE
#BECA
#Grade12New
#Grade11Old
❤43🏆2
August 3, 2026 5K 15