လုံခြုံရေးအထူးဂရုပြုကြပါရန် ထပ်မံကြေညာအသိ‌ပေးနှိုး‌ဆော်ခြင်း 🔥 BECA… — Myanmar Basic Education Home — TG.ME

🚨 🚨 လုံခြုံရေးအထူးဂရုပြုကြပါရန် ထပ်မံကြေညာအသိ‌ပေးနှိုး‌ဆော်ခြင်း

🔥 BECA နှင့်စပ်လျဥ်း၍ Social Media Platform အမျိုးမျိုးတွင် BECA ပုံစံအတိုင်း Offline လေ့ကျင့်နိုင်မည့် G12 Offline App ဟုဆိုကာ BECA ဖြေဆိုမည့် ကျောင်းသားများအား ငွေကြေးဖြင့် ရောင်းချနေခြင်း ၊ Kpay, Wave Pay များဖြင့် အခကြေးငွေပေးသွင်းစေခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိနေပါသဖြင့် မိမိတို့၏ Bank Account များမှတစ်ဆင့် နောက်ယောင်ခံလိုက်၍ မိမိတို့၏ နေထိုင်မှုဘဝ လုံခြုံရေးများ အကြီးအကျယ် ထိခိုက်နိုင်ပါသဖြင့် အထူးသတိပြုကြပါရန် အထူးထပ်မံ နှိုးဆော်အပ်ပါသည်။

🎯 BECA ဆက်စပ်အမည်များဖြင့် သတင်းအချက်အလက်နှင့် အကူအညီရယူလိုပါက၊ စာအုပ်များမှာယူလိုပါက ၎င်းတို့ထံသို့ ဆက်သွယ်နိုင်ကြောင်း စသည့် ကမ်းလှမ်းမှုများ ၊ Fake Account, Fake Page, Fake Channel များဖြင့် အမျိုးမျိုးဖြားယောင်းသွေးဆောင်နေခြင်းများကို တွေ့ရှိနေရပါ၍ ပူးတွဲဖော်ပြပါ Facebook Page များနှင့် Telegram Channel များမှ လွဲ၍ အခြားမည်သည့် Page များ ၊ Account များ ၊ Channel များမျှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် (လုံးဝ) (လုံးဝ) ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
❤66👍9
July 8, 2026 33.6K 68