BECA Guidelines 📣 📣 📣 "၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေ… — BECA Public FAQ — TG.ME

📣 📣 📣 BECA Guidelines 📣 📣 📣

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုခြင်းဆိုင်ရာ အွန်လိုင်း ဖြေဆိုသူကျောင်းသား/သူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းခြင်းအစီအစဉ်" ကို

BECA ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ရည်ရွယ်၍ အောက်ပါအချိန်ဇယားအတိုင်း စီစဉ်ဆောင်ရွက်သွားပါမည်။

၁။ ဇွန်လ (၇) ရက်၊ ၂၀၂၆ ခုနှစ်၊ နေ့လယ် ၁း၀၀ နာရီ
၂။ ဇွန်လ (၈) ရက်၊ ၂၀၂၆ ခုနှစ်၊ နေ့လယ် ၁း၀၀ နာရီ

အွန်လိုင်းများဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် အထက်ပါအစီအစဉ်မှ မိမိအတွက် အဆင်ပြေမည့် နေ့ရက်တွင် တက်ရောက်နိုင်ပါသည်။

တက်ရောက်လိုသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် Meeting Link ကို (၅-၆-၂၀၂၆) ရက်နေ့တွင် https://mes.moeedu.org တွင် မိမိကိုယ်ပိုင် ID , Password ဖြင့် ဝင်ရောက်၍ ပင်မစာမျက်နှာတွင် ရယူနိုင်ရုံသာမက

🎯 အောက်ဖော်ပြပါ Moodle Site >>
https://lms.moeedu.org/mod/forum/discuss.php?d=118 တွင်လည်း မိမိ LMS (Moodle) ID & Password တို့ဖြင့် ဝင်ရောက်၍ Zoom Link ရယူနိုင်ကြောင်း ကြေညာအသိပေးနှိုးဆော်အပ်ပါသည်။

#NUG
#NUGMOE
#BECA
#MES
#MBEH
#Grade12New
#Grade11Old
❤6
June 5, 2026 28.7K 161