2026 BECA (စနစ်‌သစ် ဒွါဒသမတန်း) ID ရရှိပြီးသော်လည်း ဖြေဆိုရန်… — BECA Public FAQ — TG.ME

📝 2026 BECA (စနစ်‌သစ် ဒွါဒသမတန်း) ID ရရှိပြီးသော်လည်း ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန် ကျန်နေခဲ့သော ကျောင်းသား/သူများသည်

🎯 (၄- ၆-၂၀၂၆) ရက်မှ (၈- ၆-၂၀၂၆) ရက် ည (၁၂) အထိ စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကို ပုံပါအတိုင်း ပြုလုပ်နိုင်မည် ဖြစ်ပါ‌ကြောင်း အသိပေးကြေညာအပ်ပါသည်။

🎯 ပုံပါအတိုင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် စာရင်းသွင်းမှု အောင်မြင်ခြင်း ရှိ/မရှိကို အောက်ဖော်ပြပါအတိုင်း စစ်ဆေးနိုင်ပါသည်။

🔽 🔽

၁။ BECA ဖြေဆိုရန် MES ထဲရှိ စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း "စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ" MENU တွင် ပေါ်/မပေါ်ရှာကြည့်ပါ။

၂။ ထို့နောက် မိမိဖြည့်စွက်ခဲ့သော အချက်အလက်များ ပေါ်/မပေါ်ကိုလည်း စစ်ဆေးကြည့်ပါ။ ထိုအချက်များတွေ့ရှိရပါက စာရင်းသွင်းခြင်းအောင်မြင်ပါသည်။

🎯 စာရင်းသွင်းပြီးသူများသည် (၁၅-၆-၂၀၂၆) ရက်နေ့မှစ၍

https://mes.moeedu.org

တွင် Moodle ID များ ရယူပြီး

https://lms.moeedu.org

တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

🚨 ယခုအချိန်မှ ID အသစ်လျှောက်ပြီး ဖြေဆိုလိုသူများကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ပါကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။


#BECA
#Grade12New
❤7
June 3, 2026 12K 146